ရှေ့သို့
Image

ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်မှာ တီယာနေးပါဝင်လာနိုင်တယ်လို့ အမ်မရီအတည်ပြု

8:09 PM, 2 October

အာဆင်နယ်အသင်းနည်းပြ အမ်မရီကတော့ နောက်ခံလူ တီယာနေးဟာ စတန်းဒတ်ခ်ျ လိဂ်နဲ့အိမ်ကွင်းပွဲစဉ်မှာ အသင်းအတွက်ပါဝင်ကစားနိုင်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။


အဆိုပါဘယ်နောက်ခံကစားသမားဟာ အာဆင်နယ်အတွက် ပွဲကစားချိန် ၇၇ မိနစ်သာပါဝင်ကစားပေးထားခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်ကစားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။


ဒါပေမယ့်လည်း နည်းပြ အမ်မရီကတော့ အဆိုပါကစားသမားဟာ မနက်ဖြန်မှာကစားမယ့် ယူရိုပါလိဂ်ပွဲမှာပါဝင်မယိလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
“သူ့အတွက်အချိန်လိုပါတယ်။ ပြီးတော့ ကြံ့ခိုင်မှုလည်းလိုပါတယ်။ မနက်ဖြန်မှာတော့ သူပါဝင်နိုင်မှာပါ”လို့ အမ်မရီက ပြောပါတယ်။


တီယာနေးဟာ အင်္ဂါနေ့လက်ရွေးစင်အသင်းလူစာရင်းကနေနှုတ်ထွက်ခဲ့ပြီး အာဆင်နယ်အသင်းမှာ ကြံ့ခိုင်မှုပြန်ရဖို့အတွက်လေ့ကျင့်နေတာဖြစ်ပါတယ်။


စကော့တလန်နည်းပြကလည်း တီယာနေးဟာ ဒဏ်ရာအခြေအနေကြောင့် အသင်းလူစာရင်းကနေနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။


“သူ့မှာ အသေးစားဒဏ်ရာအနည်းငယ်ရှိနေတာကြောင့် အသင်းလူစာရင်းကနေနှုတ်ထွက်ခဲ့တာပါ။ သူအာဆင်နယ်မှာ ပြန်လေ့ကျင့်နေပါတယ်။ ကြားရက်မှာကစားမယ့်ပွဲတော့ ပါဝင်နိုင်မယ်လို့ထင်ပါတယ်။ ဒါကလည်း အမ်မရီအပေါ်မူတည်ပါတယ်”လို့ စကော့တလန်နည်းပြ ကလက်ခ်က ပြောကြားခဲ့ပါတယ်။

#တီယာနေး