ရှေ့သို့
Image

ယူနိုက်တက်အသင်းနည်းပြရာထူးကိုစိတ်ဝင်စားနေပြီး အင်္ဂလိပ်စာသင်ယူနေတဲ့ အယ်လီဂရီ

3:31 PM, 2 October

ယူနိုက်တက်အသင်းကတော့ လက်ရှိရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြ ဆိုးလ်ရှားကိုအသင်းကနေဖယ်ရှားဖို့အတွက်ပြင်ဆင်နေပြီး နည်းပြသစ်အတွက် အစားထိုးဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေကဆိုပါတယ်။
အဆိုပါနော်ဝေသားဟာ လက်ရှိအချိန်မှာ ပုံစံကောင်းတွေပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ်ကနေထုတ်ပယ်ခံရမယ့် နည်းပြရာထူးစာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိရာသီသစ်မှာ ချဲလ်ဆီးအသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိပြီးနောက်ပိုင်း ရလဒ်တွေတျောက်လျောက်ဆိုးဝါးခဲ့တာပါ။
နည်းပြ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ၀ုဗ်၊ ပဲလေ့စ် ၊ ၀က်စ်ဟမ်းစတဲ့အသင်းတွေနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းတွေရရှိခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ဂါးဒီးယန်းသတင်းဌာနကတော့ ယူနိုက်တက်အသင်းဟာ ရလဒ်တွေဆိုးဝါးနေတဲ့ နည်းပြ ဆိုးလ်ရှားရဲ့နေရာမှာ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီကိုနည်းပြသစ်အဖြစ်ခန့်အပ်လိုနေတယ်လို့ ဖော်ပြခဲ့ပြီး အဆိုပါအီတလီသားကလည်း လက်ရှိအချိန်မှာ အင်္ဂလိပ်စာသင်ကြားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
နည်းပြ အယ်လီဂရီဟာ မနေ့ညကကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ စပါးအသင်းတို့ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ်သတင်းဌာနတော်တော်များများကလည်း အသက် ၅၂ နှစ်အရွယ်နည်းပြဟာ ပရီးမီးယားလိဂ်ကလပ်တွေကိုနည်းပြဖို့အလိုရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။
အဆိုပါအီတလီသားဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ လိဂ်ဖလား ၅ လုံးရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်း ၂ကြိမ်တိုင်ပို့ဆောင်ပေးနိုင်ခဲ့ကာ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာကိုရှုံး ၊ ၂၀၁၇ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အချို့သော သတင်းတွေကတော့ လက်ရှိထွက်ပေါ်နေတဲ့ နည်းပြ အယ်လီဂရီနဲ့ ယူနိုက်တက်တို့ကြားသတင်းတွေဟာ ဖွသတင်းတွေဖြစ်ပြီး ဆိုးလ်ရှားကို ထုတ်ပယ်သွားမှာမဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အယ္လီဂရီ #ဆုိးလ္ရွား