ရှေ့သို့
Image

ချန်ပီယံလိဂ် သမိုင်းတစ်လျောက် အ၀ါကတ်ပြခံရမှု အများဆုံး ကစားသမားများ

10:10 AM, 2 October

ချန်ပီယံလိဂ်သမိုင်းတစ်လျောက် အ၀ါကတ်ပြခံရမှုအများဆုံး ကစားသမားအဖြစ် ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဆာဂျီယိုရာမို့စ်က ထိပ်ဆုံးမှာ ပြိုင်ဘက်မရှိ ဦးဆောင်နေခဲ့ပါတယ်။

ရာမို့စ် နာမည်ကြီးနေတာက အကြောင်းရှိပြီး သူ့ရဲ့ စည်းကမ်းမလိုက်နာမှုတွေက သူ့ကို နာမည်ကျော်စေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ရာမို့စ်ရဲ့ အနီးဆုံး ပြိုင်ဘက်ကတော့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ဖြစ်ပြီး ကစားသမားဘ၀က အနားယူသွားခဲ့တာကြောင့် စပိန်သားအနေနဲ့ ပြိုင်ဘက်မရှိ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်.


၁.ရာမို့စ် - အ၀ါကတ် ၃၈ ကတ်

၂. ပေါလ် စခိုးလ် - အ၀ါကတ် ၃၂ ကတ်

၃.ဇာဗီအလွန်ဆို - အ၀ါကတ် ၃၁ ကတ်

၎. ဂတ်တူဆို - အ၀ါကတ် ၂၈ ကြိမ်

၅.ဒန်နီအဲဗက်စ် - အ၀ါကတ် ၂၇ ကြိမ်

၆.ဆမ်မြူရယ် - အ၀ါကတ် ၂၅ ကြိမ်

၇. ပူလ်ယို - အ၀ါကတ် ၂၅ ကြိမ်

၈.ပီပီ - အ၀ါကတ် ၂၄ ကြိမ်

၉.ပီကေး - အ၀ါကတ် ၂၄ ကြိမ်

၁၀.လူးဝစ် ဖီဂို - အ၀ါကတ် ၂၃ ကြိမ်

၁၁.ဆာနာ - အ၀ါကတ် ၂၃ ကြိမ်

၁၂.ဗန်ဘွန်မဲလ် - အ၀ါကတ် ၂၃ ကြိမ်

၁၃.တက်ချီနာဒီ - အ၀ါကတ် ၂၃ ကြိမ်

အဆိုပါ စာရင်းထဲမှာတော့ ရာမို့စ်အပြင် လက်ရှိ ဥရောပမှာ ကစားနေဆဲ ကစားသမားတွေအဖြစ် ဒန်နီအဲဗက်စ်၊ ပီပီနဲ့ ပီကေးတို့သာ ရှိတော့တာကို မြင်တွေ့ခဲ့ရပါတယ်။

ရာမို့စ်ဟာ ဘရုဂျက်နဲ့ ပွဲစဉ်မှာ အ၀ါကတ်ထပ်မံရခဲ့တာကြောင့် ထိပ်ဆုံးနေရာကို ဆက်လက်တည်မြဲစေမယ့် မှတ်တမ်းတစ်ခုကို ထပ်မံရယူနိုင်ခဲ့ပါတယ်။

ယနေ့မှာ ကစားမယ့် ဘာစီလိုနာ-အင်တာ ပွဲစဉ်မှာ ပါဝင်မယ့် ပီကေးကလည်း အ၀ါကတ်ယူပြီး ရာမို့စ်ကို အမှီလိုက်နိုင်ပါသေးတယ်။

ပီပီကတော့ ပေါ်တို အသင်းမှာ ကစားနေတာကြောင့် ယူရိုပါလိဂ်မှာသာ ကစားနေရပါတယ်။

#ဒန်နီ အဲဗက်စ် #ပီပီ