ရှေ့သို့
Image

စပါး အသင်းကို ၄ ဂိုး အထိ သွင်းယူခဲ့တဲ့ အသင်းဖော်ဟောင်း ဂနာဘရီအပေါ် ကျေနပ်အားရနေတဲ့ ဘယ်လာရင်

9:52 AM, 2 October

အာဆင်နယ်အသင်းနောက်ခံကစားသမား ဟက်တာ ဘယ်လာရင်ကတော့ စပါးအသင်းနဲ့ ဘိုင်ယန်တို့ပွဲစဉ်မှာ အသင်းအတွက် ၄ ဂိုး အထိ သွင်းယူခဲ့တဲ့ အသင်းဖော်ဟောင်း ဂနာဘရီရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးကျေနပ်အားရနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ အင်္ဂါနေ့ညကကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပါးအသင်းကို တောင်ပံကစားသမား ဂနာဘရီရဲ့ သွင်းဂိုး ၄ ဂိုးနဲ့ ပိုချက်တီနိုရဲ့အသင်းကို အလဲထိုးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ အသင်းကစားသမားဟောင်း ဂနာဘရီ ၊ အသင်းကစားသမား ဘယ်လာရင်တို့ရဲ့ပို့စ်နဲ့ပတ်သက်ပြီး ကျေနပ်အားရနေပါတယ်။

အချို့သော အာဆင်နယ်ပရိသတ်တွေကလည်း အသက် ၂၄ နှစ်အရွယ် ကစားသမားကို ရောင်းချခဲ့တဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးကို ချီးကျူးနေကြပါတယ်။

အဆိုပါကစားသမားနဲ့ပတ်သက်ပြီး ယခင်ဝက်စ်ဘရွန်းအသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ တိုနီပူးလစ်က ၀ါဒါဘရီမင် ကစားသမားဟောင်းဟာ ခြေစွမ်းသိပ်မကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့သေးတာဖြစ်ပါတယ်။

အင်္ဂါနေ့ညက ကစားခဲ့တဲ့  ပွဲမှာတော့ ဂျာမန်သားတစ်ယောက် ဘောလုံးနဲ့ကော ဘောလုံးမပါပဲရွေ့လျားမှုတွေမှာပါ ဘယ်လောက်အထိ ကောင်းတယ်ဆိုတာကိုပြသခဲ့ပါတယ်။

အာဆင်နယ် ပရိသတ်တစ်ချို့ကတော့ အဆိုပါ ကစားသမားဟောင်းရဲ့ခြေစွမ်းကိုကျေနပ်ပြီး ပြန်လည် ခေါ်ယူဖို့အတွက်လည်း အလိုရှိနေကြပါတယ်။

#ဘယ်လာရင် #ဂနာဘရီ