ရှေ့သို့
Image

ဒဏ်ရာပြဿနာကြောင့် စကော့တလန်လူစာရင်းကနေ နှုတ်ထွက်သွားခဲ့တဲ့ တီယာနေး

6:56 PM, 1 October

အာဆင်နယ် ပရိသတ်တွေကတော့ ဘယ်နောက်ခံလူ တီယာနေးရဲ့ ပရီးမီးယားလိဂ် ပထမဆုံးပွဲစဉ်ကို စောင့်မျှော်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဆဲလ်တစ်ကနေ ပေါင် ၂၅သန်းနဲ့ ရောက်ရှိလာကတည်းက တီယာနေးဟာ ဒဏ်ရာပြဿနာရှိနေခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ ကာရာဘောင်ဖလားပွဲမှာမှ ၇၇မိနစ်ကြာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

တီယာနေးအနေနဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ပါဝင်လာမယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပေမဲ့ အံ့အားသင့်ဖွယ် အရန်လူစာရင်းမှာတောင် ပါဝင်လာခြင်း မရှိပါဘူး။ ယနေ့မှာတော့ The Sunရဲ့ ဖော်ပြချက်အရ တီယာနေးဟာ ဒဏ်ရာပြဿနာ ရှိနေတဲ့အတွက် စကော့တလန်လူစာရင်းကနေ နှုတ်ထွက်သွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် တီယာနေးရဲ့ ဒဏ်ရာသတင်းဟာ လာမယ့် ကြာသပတေးနေ့မှာကစားမယ့် စတန်းဒက်လိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်နိုင်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာမှ ပြန်လည်ကောင်းမွန်လာဖွယ် ရှိနေပါတယ်။








#တီယာနေး