ရှေ့သို့
Image

“အဒမ်က အာဆင်နယ်မှာ အသက် ၂၀ နဲ့ ကပ္ပတိန် ဖြစ်လာတာပါ။ ဂွမ်ဒိုဇီက ဘာလို့ မဖြစ်နိုင်ရမှာလဲ”လို့ ဆိုခဲ့တဲ့ အာဆင်နယ်ဂန္တ၀င်

2:52 PM, 1 October

အာဆင်နယ်အသင်း ဂန္တ၀င်ကစားသမားကတော့ ကွင်းလယ်ကစားးသမား ဇာခါကို အသင်းခေါင်းဆောင် လက်ပတ်ပေးလိုက်တာဟာ တော်တော်လေး ရူးသွပ်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ယူဆနေပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်းကတော့ ပြင်သစ်ကွင်းလယ် ကစားသမား ဂွမ်ဒိုဇီဟာ ယူနိုက်တက်အသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“သူ (ဂွမ်ဒိုဇီ)က အာဆင်နယ်အသင်း တစ်သင်းလုံးကို ဦးဆောင်နေပါတယ်။ ပထမရာသီမှာတောင် ပွဲတော်တော်များများ ပွဲထွက်ကစားခွင့်ရတဲ့ ကစားသမားတစ်ဦးပါ။ 

တော်တော်များများပါတယ်။ ဒါပေမယ့် သူ့အတွက် တစ်စုံတစ်ခုတော့ ထိုက်တန်တာ ပြန်ပေးသင့်ပါတယ်”လို့  အီရန်ရိုက်က ပြောပါတယ်။

“သူက အသက်အရွယ်နဲ့ မလိုက်အောင် အသင်းအတွက် အများကြီး ပေးဆပ် ကစားနေပါတယ်။ စပါးအသင်းနဲ့ ပွဲတုန်းကဆိုလည်း သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းပါ။ 

အူဘာမီးယန်းရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကလေးအသင်း အတွက် စွမ်းဆောင်ပေးတာက တော်တော်ကို ကြီးမားနေပါတယ်။ 

ကျွန်တော့် အမြင်အရဆိုရင်တော့ ကွင်းလယ်ကစားသမား ဇာခါကို အသင်းခေါင်းဆောင်မပေးဘဲ တိုက်စစ်မှူး အူဘာမီးယန်းကို ပေးသင့်ပါတယ်”လို့ အီရန်ရိုက်က ဆိုပါတယ်။

“အသက် ၂၀ အရွယ်မှာ ဂွမ်ဒိုဇီက အသင်းခေါင်းဆောင်တစ်ဦး အရည်အချင်းမျိုး ပြသနေပါတယ်။ တိုနီအဒမ်ကလည်း အသက် ၂၀ အရွယ်မှာ အာဆင်နယ် အသင်းခေါင်းဆောင် ဖြစ်လာတာပါ။ 

ဂွမ်ဒိုဇီလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ အသင်းခေါင်းဆောင် မဟုတ်ရင်တောင် ဒုတိယအသင်းခေါင်းဆောင် ရာထူးတော့ ပေးသင့်ပါတယ်”လို့ အီရန်ရိုက်က ပြောကြားခဲ့ပါတယ်။

#ဂွမ်ဒိုဇီ #အီရန်ရိုက်