ရှေ့သို့
Image

ယခုအချိန်အထိ ခြေစွမ်းမပြနိုင်သေးတဲ့ ပေါင်၅၂သန်းတန် ကွင်းလယ်လူ ဖရက်ဒ်ကို ဂယ်ရီနဗီးလ်ထိုးနှက်

11:08 AM, 1 October

ဂယ်ရီနဗီးလ်ကတော့ ယခုအချိန်အထိ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်သေးတဲ့ ပေါင် ၅၂သန်းတန် ကွင်းလယ်လူ ဖရက်ဒ်ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပြီး ပေးထားရတဲ့ တန်ကြေးနဲ့ မတန်မှာကို စိုးရိမ်မိကြောင်း ပြောခဲ့ပါတယ်။

၂၀၁၈ခုနှစ် ဇွန်လက ရှက်တာဒိုးနက်ကနေ ရောက်ရှိလာခဲ့တဲ့ ဖရက်ဒ်ဟာ ၁၅ အတွင်းမှာ ၂၅ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ၁ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဖရက်ဒ်ဟာ ယမန်နေ့ညက အာဆင်နယ်နဲ့ပွဲစဉ် ၇၄မိနစ်မှာ လူစားဝင်ရောက်ခွင့်ရခဲ့ပေမဲ့ ထူးထူးခြားခြား ဘာမှလုပ်မပြနိုင်ခဲ့ပါဘူး။ ဖရက်ဒ်က အသင်းမှာ အံဝင်ရဲ့လားဆိုတဲ့ မေးခွန်းကို နဗီးလ်က "ကျွန်တော် မသေချာပါဘူး။ သူ အသင်းမှာ ၁နှစ်လောက်ရှိနေစဉ် ကာလအတွင်းမှာ သူ့ရဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့ပါဘူး။ ပြောစရာအချို့တော့ ရှိပါတယ်။ ပီအက်စ်ဂျီကို  အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ သူ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ် "

"သူက ဘောလုံးကိုင်ပြီး ကစားသူတစ်ယောက်ဖြစ်ပေမဲ့ ဂိုးသွင်းတာလည်း မတွေ့ရသလို ကွင်းလယ်ခံစစ်ကစားသမားလို့လည်း မခံစားရပါဘူး။ ကျွန်တော် သူက ဘယ်နေရာကစားလဲဆိုတာ မသိပါဘူး။ ပေါင် သန်း၆၀လောက်တန်တဲ့ ကစားသမားအနေနဲ့ အဲ့ဒီ ကစားပုံတစ်ခုခုမှာတော့ အံဝင်ရပါမယ်"လို့ ပြောသွားခဲ့ပါတယ်။

#ဖရက်ဒ်