ရှေ့သို့
Image

ယူနိုက်တက်နဲ့ ပွဲမှာ ဟိုးလ်ဒင်းပါ မပါက နည်းပြ အမ်မရီအပေါ်မှာ မူတည်နေ

2:15 PM, 30 September

အာဆင်နယ်အသင်းနည်းပြ အမ်မရီကတော့ နောက်ခံလူ ဟိုးလ်ဒင်းတစ်ယောက် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ဖို့ မသေချာကြောင်း ပြောကြားလိုက်ပြီး အဆိုပါ လူငယ်နောက်ခံလူလေးရဲ့ ခြေစွမ်းကိုတော့ ချီးကျူးခဲ့ပါတယ်။

နောက်ခံကစားသမား ဟိုးလ်ဒင်းဟာ ကြားရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ  အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံ ကစားသမားလေးကတော့ နည်းပြ အမ်မရီရဲ့ စိတ်ကြိုက် ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း  မန်ယူနဲ့ပွဲမှာတော့ ပထမ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ မသေချာသေးတာ ဖြစ်ပါတယ်။

“ကျွန်တော်အင်္ဂါနေ့က သူကစားတာကို တွေ့လိုက်ရပါတယ်။ ရော့ဘ် ပြန်လာပြီလို့တောင် ကျွန်တော် ထင်ခဲ့ပါတယ်”လို့ သူကဆိုပါတယ်။

“တနလာင်္နေ့မှာတော့ သူ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့အခြေအနေက နည်းနည်း စောင့်ကြည့်ရတုန်းပါ။ မကြာခင်မှာတော့ သူပြန်လာနိုင်မှာပါ ”လို့ အမ်မရီက ပြောပါတယ်။

“ယူနိုက်တက်နဲ့ ပွဲက ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။ အဲ့အတွက်လည်း ကြိုတင် ပြင်ဆင်နေပါတယ်။ ဆိုးလ်ရှားက အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးပါ။

ပြီးတော့ ကျွန်တော်တို့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရမှာပါ။ အဲ့အတွက် တော်တော်လေး စိုးရိမ်မိပါတယ်”လို့ အမ်မရီက ဆိုပါတယ်။

“တနလာင်္နေ့မှာ ကျွန်တော်တို့အနိုင် ၃ မှတ်ရအောင် ကြိုးစားသွားမှာပါ။ ယူနိုက်တက်နဲ့က ကျွန်တော်တို့ အတွက် ခက်ခဲမယ်ဆိုတာ သိပြီးသားပါ”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဟိုးဒင်း