ရှေ့သို့
Image

ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ဒီလစ်ခ်ျကို ခေါ်ယူဖို့အတွက် ပြန်လည်စီစဉ်နေတဲ့ ဘာစီလိုနာ

9:27 AM, 30 September

လာလီဂါအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာကတော့ ဂျူဗင်တပ်အသင်းက အသစ်စက်စက် ခေါ်ယူထားတဲ့ ဗဟို ခံစစ်မှုး ဒီလစ်ခ်ျကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဒီနွေရာသီတွင် ဘာစီလိုနာဟာ ဒတ်ခ်ျနိုင်ငံသားကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့သော်လည်း စာချုပ်ချုပ်ဆိုမှုက ဖြစ်မလာခဲ့ဘဲ ကစားသမားက တူရင်အခြေစိုက် ဂျူဗင်တပ်ကိုသာ ပြောင်းရွှေ့ဖို့အတွက် ရွေး ချယ်ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ဘာစီလိုနာဟာ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွားတဲ့ အေဂျက်အသင်း ခေါင်းဆောင်ဟောင်းကို ခေါ်ယူဖို့ လက်လွှတ်လိုက်ရတဲ့အတွက် နောင်တရနေပြီး ဇန်န၀ါရီလ အပြောင်းအရွှေ့ တွင် အံ့သြဖွယ်ရာ ခေါ်ယူမှုကို ပြုလုပ်ဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာနဲ့ ဆက်သွယ်မှုတွေ  ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီလစ်ဂ်ျ