ရှေ့သို့
Image

အသက်ကြီးပေမဲ့ ကွင်းထဲမှာမှာဆိုရင်တော့ လူငယ်တစ်ယောက်လိုပါပဲ - ရစ်ဘာရီ

9:20 AM, 30 September

ဖီအိုရင်တီးနား တောင်ပံကစာားသမား ဖရန့် ရစ်ဘာရီက အေမီလန်အသင်းကို အဝေးကွင်းမှာ ၃-၁ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီးနောက် ကွင်းထဲမှာဆိုရင် လူငယ်တစ်ယောက်လိုပဲ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

ရစ်ဘာရီဟာ ဖီအိုအတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပြီး လူစားလဲခံရချိန်မှာလည်း အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရပါတယ်။

ရစ်ဘာရီဟာ ၃၆နှစ်အရွယ်ဖြစ်နေပေမဲ့ ယခုအချိန်အထိ သူချစ်သူ ဘောလုံးကစားခြင်းကို အကောင်းဆုံး စွမ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ရစ်ဘာရီက "ဆန်ဆီရီုမှာ ကစားရတာက တကယ်ကို ထူးခြားပါတယ်။ ဒီကွင်းက ကြီးမားတဲ့ ကွင်းဖြစ်ပြီး ပရိသတ်အားပေးမှုလည်း အပြည့်ပါပဲ။ အခုတော့ မီလန်ပရိသတ်တွေအတွက် ခက်ခဲတဲ့အချိန်တစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့က အကောင်းဆုံး စွမ်းဆောင်ရည်ပြခဲ့တာပါ။ ကျွန်တော် အသက်ကြီးနေပြီဖြစ်ပေမဲ့ ကွင်းထဲမှာဆိုရင်တော့ လူငယ်တစ်ယောက်လိုပါပဲ။ ကျွန်တော် ဖီအိုကို လာစဉ်မှာ စိတ်လှုပ်ရှားစရာတွေ လုပ်ပြမယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ကျွန်တော် ဖီအို ကစားသမားတွေ၊ ပရိသတ်တွေကို ကူညီဖို့ လာခဲ့တာပါ။ ကျွန်တော် ပျော်ပေမဲ့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုပါသေးတယ်"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ရစ်ဘာရီက လူငယ်ကစားသမား ချီဆာနဲ့ ပတ်သက်ပြီး "သူက ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး ကျွန်တော် သင်ပေးသမျှကို သူနားထောင်ပါတယ်။ ဒါက သူ့အတွက်နဲ့ အသင်းအတွက် အရေးကြီးပါတယ်"လို့ ပြောခဲ့ပါတယ်။

#စီးရီးအေ #ရစ္ဘာရီ