ရှေ့သို့
Image

ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် လက်စတာ-နယူးကာဆယ်ပွဲစဉ်အတွက် နီကိုးလက်စ်ရဲ့ ခန့်မှန်းချက်

4:15 PM, 29 September

လက်စတာကတော့ အကောင်းဆုံးပုံစံမှာ ရှိနေပြီး မက်ဒီဆင်ကလည်း အသင်းရဲ့ အဓိက ကစားသမားဖြစ်လာတဲ့အထိ တိုးတက်လာခဲ့ပါတယ်။ မက်ဒီဆင်က နည်းပြဟောင်းလက်ထက်က အသုံးမ၀င်ခဲ့ပေမဲ့ ရော်ဂျာကတော့ သူ့ကို အထူး အလေးထားကာ နေရာပေးထားပါတယ်။ သူ တော့တင်ဟမ်နဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲကိုလည်း စိုးမိုးထားနိုင်ခဲ့ပါတယ်။ သူ အိုးထရက်ဖို့ဒ်မှာတုန်းက စွမ်းဆောင်ရည် နည်းနည်းပဲ ပြနိုင်ခဲ့ပေမဲ့ အခုတော့ သူ ထပ်မံတိုးတက်လာခဲ့ပါပြီ။

ဒီပွဲမှာ မက်ဒီဆင်ပါဖို့ မသေချာပေမဲ့ ကျွန်တော်ကတော့ လက်စတာနိုင်မယ်လို့ပဲ ထင်ပါတယ်။ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို သရေကစားခဲ့ပေမဲ့ လက်စတာကတော့ အကောင်းဆုံး ကျော်ဖြတ်ကာ ဂိုးတွေ သွင်းနိုင်ပါလိမ့်မယ့်။ နယူးကာဆယ်အနေနဲ့ နောက်တန်း ၃ယောက်၊ ၅ယောက်နဲ့ ကစားလာမယ်ဆိုရင် ဂျေမီ ဗာဒီဟာ နေရာလွတ်တွေမှာ အကောင်းဆုံး နေရာယူတတ်ဖို့တော့ လိုအပ်ပြီး သူတို့ ဒီလိုလုပ်နိုင်မယ်လို့လည်း ထင်မိပါတယ်။

နီကိုးလက်စ်ရဲ့ ခန့်မှန်းချက် - လက်စတာ ၂ - ၀ နယူးကာဆယ်

#အယ်ဒီတာအကြိုက် #ခ်ာလီ နီကိုးလပ္စ္