ရှေ့သို့
Image

ချာလီ နီကိုးလပ်စ်ရဲ့ စနေနေ့ည ပရီးမီးယားလိဂ်ခန့်မှန်းချက်များ

3:39 PM, 28 September

စကိုင်းစပေါ့ရဲ့ဘောလုံးကျွမ်းကျင်ပညာရှင် ချာလီ နီကိုးလပ်စ်ကတော့ စနေနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ရလဒ်တွေကို ခန့်မှန်းပြောကြားလိုက်ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်  vs   လီဗာပူး   (စနေည ၆း၀၀)
===============
လီဗာပူးအသင်းအတွက်အနည်းငယ်ခက်ခဲနိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်သူတို့အသင်း အဲဗာတန်အသင်းနဲ့ကစားတဲ့ပွဲကို ကြည့်ဖြစ်ပါတယ်။ အဲ့နေ့ပွဲမှာ သူတို့ရဲ့ကစားပုံက အထင်ကြီးစရာကောင်းပါတယ်။ တန်းတက်အသင်းနဲ့ မတူပါဘူး။ သူတို့အသင်းရဲ့ကစားပေါက်တွေ နေရာယူမှုတွေက အတော်လေးကောင်းပါတယ်။
လီဗာပူးကတော့ လက်ရှိအချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေပါတယ်။ ကျွန်တော်စိုးရိမ်တာက လီဗာပူးတိုက်စစ်ပိုင်းပါ။ ဘာလို့လဲဆိုတော့ သူတို့ ဖာမီနိုမပါရင် ကစားပေါက်ကြပ်တည်းတတ်ပါတယ်။ ပြီးတော့ သူတို့ရင်ဆိုင်ရမှာက ယခင်ရင်ဆိုင်နေကျ ရှက်ဖီးလ်မဟုတ်တော့ပါဘူး။ ဒါပေမယ့် သေချာလေး အာရုံစိုက်မယ်ဆိုရင်တော့ အသာလေးနိုင်ပါတယ်
ချာလီရဲ့ခန့်မှန်းချက် :   1- 3

ပဲလေ့စ်  vs  နော်ဝစ်ခ်ျ    (စနေည ၈း၃၀)
=============
ကျွန်တော်ကတော့ လက်ရှိနော်ဝစ်ခ်ျကို တော်တော်လေးအားရနေပါတယ်။ သူတို့ကြည်ရတာ ပုံစံကောင်းရနေတဲ့အသင်းလိုပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့သူတို့ရဲ့ခြေစွမ်းက အကျဘက်ကိုဦးတည်နေပါတယ်။ ပဲလေ့စ်ကတော့ လက်ရှိအချိန်မှာ ပုံစံကောင်းတွေဆက်တိုက်ပျောက်ဆုံးနေပါတယ်။ တိုက်စစ်ပိုင်းမှာ ဇာဟာကလည်း ခြေစွမ်းပျောက်နေသလို နောက်တန်းခံစစ်ကလည်း ယိုယွင်းနေပါတယ်။ ဟော့ဆန်ကတော့ နောက်တန်းနေရာကိုပြင်ဆင်ဖို့လိုအပ်နေပါတယ်။ ပဲလေ့စ် ကပ်နိုင်သွားမယ်လို့ထင်ပါတယ်။
ချာလီ  (၁-၀)

အက်စတွန်ဗီလာ  vs   ဘန်လေ  (စနေည ၈း၃၀)
==============
ဒီ ၂သင်းရဲ့ပွဲကတော့ ကြည့်ကောင်းမယ့်ပွဲတစ်ပွဲဖြစ်လာမှာသေချာနေပါတယ်။ အက်စတွန်ဗီလာကလည်း အာဆင်နယ်နဲ့ပွဲမှာတော်တော်လေးကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အဆုံးသတ်ညံ့လို့ အနိုင်မရရခဲ့ပါဘူး။ ကွင်းလယ်ပိုင်းရဲ့စုဖွဲ့မှုကတော့ ဗီလာက တော်တော်လေးတောင့်ပါတယ်။
ဘန်လေရဲ့ခြေစွမ်းကလည်း တော်တော်လေးကောင်းပါတယ်။ ပြီးခဲ့တဲ့ပွဲတုန်းကဆို သူတို့ နော်ဝစ်ခ်ျကို ၂ ဂိုးပြတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် အဝေးကွင်းဆိုရင်တော့ သူတို့ခြေစွမ်းက မှန်းရခက်ပါတယ။ ၂ သင်းစလုံးကလည်း ပုံစံကောင်းတွေဆက်တိုက်ပြသနေတာကြောင့် ကျွန်တော်ကတော့ သရေတစ်မှတ်ဆီ ခွဲယူသွားမယ်လို့ထင်ပါတယ်။
ချာလီခန့်မှန်းချက်  (၁-၁)

ချဲလ်ဆီး  vs  ဘရိုက်တန်    (စနေည ၈း၃၀)
==================
ချဲလ်ဆီးကတော့ လက်ရှိမှာလူငယ်တွေနဲ့ ပရီးမီးယားလိဂ်ခရီးကြမ်းကိုဖြတ်သန်းနေပါတယ်။ သူတို့မှာရှိတဲ့လူငယ်တွေအားကတော်တော်လေးကိုတောင့်တင်းလာပါတယ်။ အခုဆို တောင်ပံကစားသမား အိုဒွိုင်းလ်ကို စာချုပ်သစ်ချုပ်ထားပါတယ်။ ပြီးတော့ ဒီနေ့ပွဲမှာလား ပြန်ပါလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လီဗာပူးနဲ့ပွဲကို ရှုံးထားတဲ့အတွက် ဒီနေ့ပွဲကို အမှားခံတော့မှာ မဟုတ်ပါဘူး။
ဘရိုက်တန်ကတော့ အခြေအနေသိပ်မကောင်းပါဘူး။ ပြီးခဲ့တဲ့နှစ်ကထက် ခြေစွမ်းအနည်းငယ်တက်လာတယ်ဆိုပေမယ့် သိသိသာသာကြီးမဟုတ်ပါဘူး။ အဝေးကွင်းဆိုရင်ခြေစွမ်းက ပိုဆိုးတတ်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်ကတော့ အိမ်ရှင် ချဲလ်ဆီးပဲအနိုင်ရမယ်လို့ထင်ပါတယ်။
ချာလီခန့်မှန်းချက်  (၃-၁)

ဘုန်းမောက်  vs  ၀က်စ်ဟမ်း   (စနေည  ၈း၃၀)
=================
ဒီပွဲကလည်း ပရိသတ်တွေအတွက် ကြည့်ကောင်းမယ့်ပွဲတစ်ပွဲပါ။ ဘာလို့လဲဆိုတော့ ၂ သင်းစလုံးက ပုံစံကောင်းတွေပြသနေပါတယ်။ အထူးသဖြင့် ၀က်စ်ဟမ်းဂိုးသမား ဖေဘီယန်စကီးလက်စွမ်းက ထိပ်တန်းအဆင့်လက်စွမ်းမျိုးပြသနေပါတယ်။ ၂ သင်းစလုံးက ကာရာဘောင်မှာ ရှုံးထားတာကြောင့် အခုပွဲကို အာရုံပြန်စိုက်ပြီး ဖိအားတွေကို လျော့ချမှာပါ။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ၂သင်းစလုံး ရုန်းကန်လာနိုင်တဲ့အတွက် သရေတစ်ပွဲဖြစ်လာမယ်လို့ထင်ပါတယ်။
ချာလီခန့်မှန်းချက်  ( ၂-၂ )

စပါး  vs   ဆောက်သမ်တန်   (စနေည ၈း၃၀)
ဆောက်သမ်တန်က ခြေစွမ်းပိုင်းက သာမန်အဆင့်ထက်နည်းနည်းပဲပိုနေပါတယ်။ ပြီးတော့ စပါးနဲ့တွေ့ရင်သူတို့ ခြေစွမ်းက ရုန်းကန်ရတတ်ပါတယ်။ နည်းပြ ပိုချက်တီနိုရဲ့စပါးက လက်ရှိမှာ ဖိအားတွေနဲ့ ပေါက်ကွဲလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ပြီးခဲ့တဲ့အပတ်က လက်စတာကိုအရေးနိမ့်ထားလို့ပါ။ အဲ့တော့ ဆောက်သမ်တန်အနေနဲ့ စပါးတိုက်စစ်ရဲ့ပေါက်ကွဲအားကို ထိန်းချုပ်ဖို့လိုအပ်ပါမယ်။
စပါးတိုက်စစ်ကတော့ လူပြန်စုံနေပြီး ခံစစ်ပိုင်းပဲ အနည်းငယ် ဗျာများနေပါတယ်။ ထို့နည်းတူ ဆောက်သမ်တန်ကလည်း တိုက်စစ်ပိုင်းမှာ ရက်ဒ်မွန်မပါရင် ရုန်းကန်ရတတ်ပါတယ်။ အဲ့အတွက်ကြောင့် ဒီနေ့မှာ ကျွန်တော်ကတော့ အိမ်ရှင်စပါးရဲ့ပေါက်ကွဲအားကို ယုံပြီး စပါးအနိုင်ရမယ်လို့ထင်ပါတယ်
ချာလီရဲ့ခန့်မှန်းချက်  (၂-၀)

ဝုဗ်   vs   ၀က်ဖို့ဒ်   (စနေည ၈း၃၀)
=============
ဒီ ၂သင်းစလုံးရဲ့အနေအထားကလည်းတူညီနေပါတယ်။ ပြောရမယ်ဆိုရင်တော့ ၀ုဗ်က တော်တော်လေးအခြေအနေဆိုးနေပါတယ်။ သူတို့က ပြိုင်ပွဲ ၂ ရပ်ကို အလှည့်ကျ ပွဲထုတ်နေရပါတယ်။ လူစာရင်းကလည်း အတိအကျမရှိတာကြောင့် ရလဒ်က အသင်းကိုလာထိနေပါတယ်။ ၀ုဗ်အနေနဲ့ ဒါကိုအမြန်ဆုံးပြင်ဆင်ဖို့လိုပါတယ်။
ဝက်ဖို့ဒ်ကလည်း နည်းပြ အပြောင်းအလဲမှာတောင် တော်တော်လေးအခြေအနေဆိုးနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ၀က်ဖို့ဒ်နဲ့တောင်မတူပါဘူး။ ပြီးခဲ့တဲ့အပတ်တုန်းကဆိုလည်း စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ အမှားလုပ်တဲ့သူကခံရမှာပါ။ ကျွန်တော်ကတော့ အိမ်ကွင်းအားသာချက်ရှိတဲ့ ၀ုဗ်ကပ်နိုင်မယ်လို့ထင်ပါတယ်။
ချာလီခန့်မှန်းချက်  (၁-၀)

အဲဗာတန်  vs  မန်စီးတီး   (စနေည ၁၁း၀၀)
==================
ဒီပွဲကတော့ မာကိုဆေးလ်ဗားအတွက် တော်တော်လေးအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အပတ်က သူတို့ အိမ်ကွင်းကြီးမှာ တန်းတက် ရှက်ဖီးလ်ကို အရေးနိမ့်ထားတာကြောင့် ဖိအားတွေဝင်နေပါတယ်။ ဒါကို ဒီနေ့စီးတီးနဲ့ပွဲမှာ ပြင်ဆင်ဖို့လိုပါတယ်။ ရှက်ဖီးလ်နဲ့ပွဲကဆို သူတို့မှာ လူအင်အားကော ကစားကွက်ကော ခြေစွမ်းရော အကုန်အသာရနေပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ အနုတ်ဖက်ကိုပြခဲ့ပါတယ်။
အခုလက်ရှိမန်စီးတီးကတော့ ပြီးခဲ့တဲ့အပတ်က ပေါက်ကွဲပြထားပါတယ်။ တိုက်စစ်ပိုင်းကလည်း တော်တော်လေးကို ဂိုးသွင်းဖိုပအတွက် ဆာလောင်နေပါတယ်။ ပြီးတော့ လီဗာပူးကိုလည်း ဆက်လက်ဖိအားပေးနိုင်ဖို့အတွက်သူတို့ ကြိုးစားလာမှာသေချာပါတယ်။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ လက်ရှိချန်ပီယံစီးတီးကပဲ ၃ မှတ်အပြည့်ထပ်ယူသွားမယ်လို့ယုံကြည်ပါတယ်။
ချာလီခန့်မှန်းချက်  (၁-၃)

#လီဗာပူး #နောဝစ်ခ်ျ #ချာလီ နီကိုးလပ်စ်