ရှေ့သို့
Image

စတာလင်ရဲ့ခြေရာကို အိုဒွိုင်းတစ်ယောက် လိုက်နင်းဖို့ အလိုရှိနေတဲ့ လမ်းပတ်

2:33 PM, 28 September

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ကတော့ အိုဒွိုင်းလ်အနေနဲ့ စတာလင်ရဲ့ခြေရာကိုလိုက်ဖို့လိုအပ်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ်တောင်ပံကစားသမားဟာ မကြာသေးခင်ကမှ အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိစာချုပ်သစ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

အဆိုပါအင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး အခုလက်ရှိရာသီမှာလည်း အသင်းအတွက်  ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လမ်းပတ်ကတော့ ဆယ်ကျော်သက် ကစားသမားလေးကို စတာလင်ရဲ့ခြေရာကိုလိုက်နင်းဖို့အလိုရှိနေတာဖြစ်ပါတယ်။

“ကော်လမ်မှာ အရည်အသွေးကောင်းတွေရှိတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အဲ့အရည်အသွေးတွေကို အသုံးချဖို့လိုပါတယ်”လို့ သူက ယူကေသတင်းဌာနကိုပြောပါတယ်။

“ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်သူ့အတွက် အတုယူစရာတွေများပါတယ်။ ကျွန်တော်အခုအချိန်မှာ အခြားအသင်း အကြောင်းကို မပြောချင်ပါဘူး။ ဒါပေမယ့် အခုတော့ ပြောရတော့မှာပါ။  အိုဒွိုင်းလ်အနေနဲ့  စတာလင်ရဲ့ခြေရာကို လိုက်နင်းဖို့လိုပါတယ်။ မကြာခင်မှာတော့ သူဟာ ကစားသမားကောင်းတစ်ဦးဖြစ်လာဖို့မြင်နေရပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။

ချဲလ်ဆီးအသင်းကတော့ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး စနေနေ့မှာ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ဟက်ဆန် အိုဒွိုင်း