ရှေ့သို့
Image

မန်ယူအသင်းဟာ သူ့ကိုခေါ်ယူမည့်အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်လို့ ပြောဆိုလိုက်တဲ့ မာတီနယ်လီ

9:24 AM, 28 September

၂၀၁၅ခုနှစ် နှင့် ၂၀၁၇ ခုနှစ်ကြားတွင် ပရီးမီးယားလိဂ်အသင်းကြီးနှင့်အတူ ၄ ကြိမ်တိုင်တိုင်လေ့ကျင့်ခန်း ဆင်းပြီးနောက် မန်ယူအသင်းဟာ သူ့ကိုခေါ်ယူဖို့ ပြင်းပယ်ခဲ့ပါတယ်လို့ အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား မာတီနယ်လီကပြောဆိုလိုက်ပါတယ်။

မန်ယူ အသင်းဟာ အခြားသာ ဥရောပကလပ်များနှင့်အပြိုင် အသက် ၁၈နှစ်အရွယ် ကစားသမားကို စောင့်ကြည့်နေပြီး မာတီနယ်လီကတော့ ယူနိုက်တက်လူငယ် အသင်းနှင့်အတူလေ့ကျင့်ဖို့အတွက် သူ့ရဲ့ မွေးရပ်မြေ ဘရာဇီးမှ အကြိမ်များစွာ လာရောက်ခဲ့သူဖြစ်ပါတယ်။

သို့သော်လည်း မန်ယူအသင်းဟာ သူ့ကိုခေါ်ယူဖို့အတွက် ငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နှင့်ပြိုင်ဆိုင်ပြီး ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နှင့် လေ့ကျင့်ခဲ့တဲ့ သူ့ရဲ့အချိန်တွေအကြောင်းမေးခဲ့တဲ့အခါမှာ ''၂၀၁၅ နှင့် ၂၀၁၇ ကြားတွင် မန်ယူသို့ ၄ ကြိမ်ရောက်ရှိခဲ့ပြီး ၁၅ ရက်လောက်လေ့ကျင့်ခဲ့ပါတယ်။ အီဗရာ၊ ဖယ်လိုင်နီ နှင့် အခြားသောကစားသမားများနှင့်အတူ ဓာတ်ပုံရိုက်ဖို့အတွက် တောင်းဆိုခဲ့ပါတယ် ''

''ကျွန်တော် ဘရာဇီးမှာကတည်းက ပေါ့ဂ်ဘာကို သိခဲ့တာဖြစ်ပြီး ကျွန်တော် ကစားရတဲ့နေရာမှာ အဆင်ပြေလားလို့ မေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဓာတ်ပုံအတူတူ တွဲရိုက်ခဲ့ပါတယ် '' လို့ ပြန်ဖြေခဲ့ပါတယ်။

#မာတီနယ်လီ