ရှေ့သို့
Image

လာမယ့်ပရီးမီးယားလိဂ်ပွဲမှာ အိုဒွိုင်းလ်ပြန်ပါလာနိုင်တယ်လို့ လမ်းပတ်ဆို

8:35 PM, 27 September

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ကတော့ တောင်ပံကစားသမား အိုဒွိုင်းလ်ဟာ လာမယ့်ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


အဆိုပါတောင်ပံကစားသမားဟာ ဖနောင့်ကြောဒဏ်ရာကြောင့် အသင်းနဲ့ကာလရှည်လွဲချော်ခဲ့တာဖြစ်ပါတယ်။


လမ်းပတ်ကတော့ လာမယ့် ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမားလေး ရိစ်ဂျိမ်းစ်ကို ပွဲထုတ်ဖွယ်ရှိနေပါတယ်။


အဆိုပါညာနောက်ခံကစားသမားလေးဟာ ကြားရက်ကကစားခဲ့တဲ့ ဂရင်းဘီအသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။


“သူ (ဂျိမ်း) ကစားသွားတာကောင်းပါတယ်။ အခုဆို လူငယ်တွေကတော်တော်လေးအဆင်ပြေလာပါတယ်။ ပြီးခဲ့တဲ့ပွဲကဆိုရင်လည်း ရိစ်က ခြေစွမ်းပြခဲ့ပါတယ်။ မကြာခင် အိုဒွိုင်းကိုလည်း ပြန်မြင်ရတော့မှာပါ”လို့ လမ်းပတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


နည်းပြ လမ်းပတ်ကတော့ လီဗာပူးနဲ့ပွဲကိုလွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဂီရောက်ဒ်ဟာ လာမယ့်ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ပေမယ့် ရူဒီဂါ ၊  အီမာဆင် နဲ့ လိုတပ်ဖ်ချိတို့ကတော့ လွဲချော်ဖွယ်ရှိနေပါတယ်။

#ဟက်ဆန် အိုဒွိုင်း