ရှေ့သို့
Image

အသင်းက ထွက်ခွာတော့မယ်ဆိုတဲ့ ကောလဟာလတွေအပေါ် တုံ့ပြန်သွားတဲ့ ပိုချက်တီနို

4:01 PM, 27 September

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုက အသင်း ဆက်လက် တိုးတက်ဖို့အတွက် အမှန်ကန်ဆုံးနည်းပြက သူသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပိုချက်တီနိုက တော့တင်ဟမ်နဲ့အတူ ဆုဖလား အိပ်မက်တွေကို လက်လျော့သွားမှာ မဟုတ်ဘူးလို့ ဆက်ပြောသွားခဲ့ပါတယ်။

ယမန်နှစ်က တော့တင်ဟမ်ကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့ပေမဲ့ ယခုအချိန်မှာတော့ ရလဒ်တွေ ဆိုးရွားနေတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တိုင်းသားအနေနဲ့ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ယခုအချိန်မှာတော့ အဆိုပါ သတင်းတွေကို ပိုချက်တီနိုက ပြန်လည် တုံ့ပြန်သွားခဲ့ပြီး အသင်းမှာပဲ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုက "ကျွန်တော် ဘောလုံးလောကမှာ စိတ်ပျက်စရာ အဖြစ်အပျက် ၂ ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ တစ်ကြိမ်က ကျွန်တော် ကစားသမားဘ၀ ကမ္ဘာ့ဖလားပွဲစဉ်က ပင်နယ်တီဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့က ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါ။ ဒါပေမဲ့ ၃ ပွဲ ကစားပြီးချိန်မှာ အိမ်ပြန်ခဲ့ရပါတယ်။ ကျွန်တော်တို့ အဲ့ဒီကို ရှုံးပွဲမရှိပဲ ဆုဖလားရဖို့ ရေပန်းစားတဲ့ အသင်းအနေနဲ့ သွားရောက်ခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ကျွန်တော်အိမ်မှာ ၁၀ ရက်လောက် နေခဲ့ရပါတယ်။ နောက်တစ်နေ့ကတော့ တော့တင်ဟမ်နဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားတဲ့အချိန်ဖြစ်ပြီး ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် ပိုပြီးတော့ ကြီးမားခဲ့ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တော့တင်ဟမ်နဲ့အတူ ရောက်ရှိခဲ့တာက ဘယ်သူကမှ မမျှော်လင့်ခဲ့ပါဘူး။ အဲ့ဒီတုန်းက ကျွန်တော် အရမ်းစိတ်ပျက်ခဲ့ပြီး ဘာစီလိုနာကနေ ရထားနဲ့ ပြန်ခဲ့ပါတယ်။ စိတ်ထဲမှာ တော်တော်လေး ခံစားခဲ့ရပြီး တစ်ပတ်လောက် အိမ်ထဲ အောင်းခဲ့ရပါတယ်"လို့ ပြောခဲ့ပါတယ်။ 

#စပါး #ပိုချက်တီနို