ရှေ့သို့
Image

အရက်မူးပြီး ကားမောင်းရာမှတစ်ဆင့် ကားတိုက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် ဒါဘီ အသင်းခေါင်းဆောင် တစ်ရာသီလုံးနားရ

3:22 PM, 27 September

ဒါဘီအသင်းခေါင်းဆောင် ရစ်ချက်နော့ခ်ျဟာ အရက်မူးပြီး ကားမောင်းရာမှတစ်ဆင့် ကားတိုက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး ရာသီကုန်အထိ အနားယူရတော့မယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။ နော့ခ်ျဟာ အဆိုပါ ကားတိုက်မှုမှာ ပါဝင်ခဲ့သလို အခြား ဒါဘီကစားသမား ၂ ဦးကလည်း အရက်သောက်စားမှုကြောင့် စွဲချက်တင် ခံထားခဲ့ရပါတယ်။

မေဆင် ဘန်းနက်နဲ့ လောရန့်စ်တို့ဟာ အဆိုပါ အဖြစ်အပျက်မှာ ပါဝင်ခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ အိုင်ယာလန်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်သူ နော့ခ်ျဟာ လောရန့်စ် မောင်းနှင်တဲ့ ရိန့်ရိုဗာကားမှာ ပါဝင်လာခဲ့တာဖြစ်ပြီး ဓာတ်တိုင်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဒါဘီအသင်းကတော့ အဆိုပါ စိတ်ပျက်ဖွယ်ရာ အဖြစ်အပျက်အတွက် ထုတ်ပြန်ချက်တစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါဘီအသင်းဟာ ချန်ပီယံရှစ်မှာလည်း ရလဒ်တွေ ဆိုးရွားနေပြီး ၈ ပွဲကစား ၁ ပွဲသာ အနိုင်ရကာ အဆင့် ၁၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

#ဒါဘီ #ချန်ပီယံရှစ် #ရစ်ချက်နော့ခ်ျ