ရှေ့သို့
Image

ပိုချက်တီနိုကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၂ သန်းပေးချေပြီး ခေါ်ယူဖို့ ယူနိုက်တက်အသင့်ရှိနေ

2:50 PM, 27 September

ပိုချက်တီနိုဟာ ယူနိုက်တက်ရဲ့ ကာလရှည် ပစ်မှတ်တစ်ခုဖြစ်ပြီး စပါးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့ခြင်းက ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ပိုမို မြင့်တက်လာစေပါတယ်။ ဒါပေမဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၂ သန်းလောက် ကုန်ကျမှာဖြစ်ပေမဲ့ ဒါကလည်း ကွင်းလယ်မှာ လက်ရှိချိန်ထိ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ဖရက်ရဲ့ ပြောင်းရွှေ့ကြေးထက် ပေါင် ၁၄ သန်းလောက် လျော့နည်းနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၆ ခုနှစ် မေလ ဗန်ဟားလ်ကို အသင်းက ထုတ်ပယ်ခဲ့ပြီး နောက်တစ်ကြိမ်၊ မော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်ခြဲ့ပီးနောက် တစ်ကြိမ် ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုစားခဲ့ပြီး ယခုအချိန်မှာလည်း ထပ်မံ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဒဟူးနေ့ညက ရော့ခ်ျဒေးလ်ကိုတောင် ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ ဆိုးလ်ရှားအတွက်တော့ ဖိအားတွေ တော်တော်ဝင်နေခဲ့တာ ဖြစ်ပါတယ်။ ရလဒ်တွေအားလုံးကို စစ်ဆေးကြည့်လိုက်ရင် ၀က်စ်ဟမ်း၊ ရော့ခ်ျဒေးလ်၊ အက်စ်တာနာတို့နဲ့ ပွဲစဉ်တွေဟာ ခြေစွမ်းတော်တောလေး ဆိုးရွားခဲ့တာ တွေ့ရပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ ယူနိုက်တက်အနေနဲ့ အာဆင်နယ်နဲ့ ပွဲကြီးပွဲကောင်းနွဲရဦးမှာ ဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့ အနာဂတ်ကိုလည်း ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ပရိသတ်တွေက စောင့်ကြည့် အကဲဖြတ်သွားဖွယ် ရှိနေပါတယ်။ ကာရာဘောင်ဖလားမှာ ကိုလ်ချက်စတာကို ရှုံးခဲ့ပြီးနောက် ပိုချက်တီနိုက အသင်းမှာ ပြိုကွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ၀န်ခံ ပြောကြားထားခဲ့ပါတယ်။

ယမန်နှစ် ရာသီအစက အသင်းနဲ့ စာချုပ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတဲ့ ပိုချက်တီနိုအနေနဲ့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်း ချုပ်ဆိုထားခြင်း မရှိခဲ့ပါဘူး။ ဒါဟာ ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ယူနိုက်တက်တို့အနေနဲ့ ပိုချက်တီနို ရရှိနေတဲ့ လစာကို နောက်ထပ် ၃ နှစ် ၉ လစာ ပေးချေသွားရဖို့ ရှိနေခဲ့ပါတယ်။ 

ပိုချက်တီနိုဟာ တစ်နှစ်လုပ်ခ ပေါင် ၈.၅ သန်း ရရှိနေပေမဲ့ သူ့ကို အဲ့လောက်နည်းပါးတဲ့ ငွေပမာဏနဲ့တော့ မရရှိနိုင်ပါဘူး။ စပါးဥက္ကဌ လီဗိုင်းဟာ ရီးရဲလ်ရဲ့ တရားဝင် ချဉ်းကပ်မှုကို ပယ်ချထားခဲ့သလို ချဲလ်ဆီးရဲ့ ချဉ်းကပ်မှုအပေါ်မှာလည်း လက်မခံခဲ့ပါဘူး။

နည်းပြ ဆိုးလ်ရှားကတော့ ဖိအားတွေအောက်ကို ရောက်ရှိနေပြီး ယူနိုက်တက်ရဲ့ ၆၅၉ သန်းသော ပရိသတ်တွေအားလုံးက လူမှုကွန်ရက်မှာ နည်းပြသစ်ခန့်အပ်ဖို့ ဖိအားပေးနေကြပါတယ်။ ပရိသတ်တွေဟာ နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတဲ့ ခံစားချက်မျိုး ပြန်လိုချင်နေကြပြီး ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်တဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကိုလည်း လိုချင်နေကြပြီ ဖြစ်ပါတယ်။

ပိုချုက်တီနိုတစ်ယောက် ယူနိုက်တက်ကို ရောက်လာဖို့ ပေါင် ၃၂ သန်း ကုန်ကျမှာ ဖြစ်ပေမဲ့ ဒီအတွက် အသုံးပြုလိုက်ရတဲ့ ငွေကြေးပမာဏအားလုံးက တန်ဖိုးရှိတယ်လို့ ပြောရမှာပါ။

#မန်ချက်စတာယူနိုက်တက် #ပိုခ်က္တီနုိ #ဆိုးလ္ရွား