ရှေ့သို့
Image

စပါးအသင်းက ဝေဖန်မှုတွေကို လက်ခံရမှာပါ - ပိုချက်တီနို

10:30 AM, 27 September

အာဂျင်တီးနားသားရဲ့အသင်းဟောင်းဖြစ်တဲ့ ဆောက်သမ်တန်နှင့် စနေနေ့တွင် ကစားရမည့် စပါးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လက်စတာအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၆ ပွဲကစားပြီး ၈ မှတ်ဖြင့် အမှတ်ပေးဇယားရဲ့ ၇ နေရာတွင် ရပ်တည်နေပါတယ်။ သူတို့အသင်းဟာ လိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးလ်နှင့် ၁၀ မှတ်ကွာနေတာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ လိဂ်ဖလား တတိယအဆင့်တွင် လိဂ် ၄ က ကိုလ်ချက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အတွက်ကြောင့် ပိုချက်တီနိုထံတွင် ပြသနာတွေက စုပုံလာတာဖြစ်ပြီး ပရိတ်သတ်တွေက အရမ်းကိုဒေါသထွက် စိတ်ဆိုးသင့်ပါတယ် လို့ ပိုချက်တီနိုက ၀န်ခံပြောဆိုထားပါတယ်။

'' ကျွန်တော်ကိုင်တွယ်လာတဲ့ ၅ နှစ်စလုံးမှာ စပါးအသင်းအတွက် ဂုဏ်ယူစရာတွေချည်းပါပဲ။ အခုတော့ ကျွန် တော်တို့ဟာ ဝေဖန်ခံဖို့အတွက် ထိုက်တန်ပြီး အဲ့ဒီဝေဖန်မှုတွေကိုလည်း လက်ခံရမှာပါ '' လို့ သူက သတင်း  ထောက်တွေကို ပြောပါတယ်။ '' ပရိတ်သတ်တွေကလည်း ကျွန်တော်တို့ကို ဝေဖန် ပြောဆိုသင့်ပါတယ်။ အချို့ သော ဝေဖန်မှုတွေက လမ်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာစေပါတယ် ''

''ဝေဖန်မှုတွေကို လက်ခံနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ရှုံနိမ့်မှုတွေ ဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပြုပြင်ဖို့အတွက် လိုအပ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ ကောင်းမွန်လာအောင် ကြိုးစား ပြင်ဆင်ရမှာဖြစ်ပြီး ရရှိလာမဲ့ ရလဒ်တွေကိုလည်း လက်ခံရမှာဖြစ်ကာ ပွဲတွေကို အနိုင်ရရှိဖို့အတွက် လုပ်ဆောင်ရမှာပါ ''

'' ကျွန်တော်တို့က အနိုင်ရရှိမှုများနဲ့ အရမ်းကို အလှမ်းဝေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း အရမ်းကိုအဆိုးရွားကြီး မဟုတ်ပါဘူးလို့ ထင်မိပါတယ်။ ကျွန်တော်တို့ဟာ အဖြေကိုရှာဖို့အတွက် လိုအပ်ပြီး ပွဲတွေကို စတင်အနိုင်ရရှိတော့မယ် ဆိုတာကတော့ သေချာနေပါပြီ ''

အာဆင်နယ်အသင်းနှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲတွင်လည်း ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ကာ လက်စတာအား ၂-၁ ဂိုးဖြင့် ရှုံနိမ့်ခဲ့တဲ့ပွဲတွင်လည်း ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။  ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် အိုလံပီယာကော့စ်နဲ့ သရေကျခဲ့တဲ့ ပွဲတုန်းကလည်း ၂ ဂိုးသွင်းယူကာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

'' အချို့သောပွဲတွေဖြစ်တဲ့ အာဆင်နယ်၊ လက်စတာနှင့် အိုလံပီယာကော့စ်တို့နဲ့ ပွဲများတွင် ကျွန်တော်တို့က ဦး ဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အဲ့ဒီအနိုင်ရလဒ်ကို ကောင်းကောင်း မထိန်းထားနိုင်ခဲ့ သော်လည်း ကျွန်တော်တို့ရဲ့ ကစားပုံက ပြီးခဲ့တဲ့နှစ်ကထက်စာရင် ကောင်းမွန်လာခဲ့ပါတယ် '' လို့ ပိုချက်တီနိုက ပြောပါတယ်။

'' ကျွန်တော်တို့က လက်စတာကို အနိုင်ရရှိခဲ့ရင်လည်း အနိုင်ရလဒ်နှင့် ထိုက်တန်သလို ၃ မှတ်လည်း ပိုရသွားမှာဖြစ်ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ သို့ တက်ရောက်နိုင်မှာဖြစ်ပြီး အားလုံးကတော့ ကောင်းမွန်တဲ့ စွမ်းဆောင်မှု ကောင်းမွန်တဲ့ ရာသီအကြောင်းကို ပြောနေကြမှာ ဖြစ်ပါတယ် ''

လက်စတာနှင့်ပွဲတွင် ဆွန်ဟောင်မင်က လူကျွံနေခဲ့တဲ့ အတွက်ကြောင့် ၂-၀ ဖြင့် ဦးဆောင်နိုင်မည့် အူရီယာ ရဲ့ ဂိုးကို VAR က အငြင်းပွားဖွယ်ရာ ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။

'' ဒါဟာ တစ်ပွဲတည်းပါပဲ။ လိုင်းက အရမ်ကို ကျဉ်းမြောင်းပါတယ်။ ဘောလုံးမှာက တစ်ခါတစ်ရံမှာ အခုလိုဖြစ် တက်ပြီး ကျွန်တော်တို့ကတော့ အရှုံးမပေးဘဲနဲ့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ် '' လို့ ပိုချက်တီနိုက ပြောပါတယ်။

#စပါး #ပိုချက်တီနို