ရှေ့သို့
Image

''ရှက်ဖီးယူနိုက်တက်က နောက်တန်း ၁၀ ယောက်လောက် လိုအပ်ပါလိမ့်မယ်'' လို့ ပြောဆိုကာ ဟာသလုပ်လိုက်တဲ့ ၀ိုက်လ်ဒါ

9:43 AM, 27 September

စနေနေ့တွင် ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲမှာ သူတို့အသင်းဟာ ခံစစ်ဖြင့် ကစားရမယ်လို့ ရှက်ဖီးယူနိုက်တကရဲ့ နည်းပြ ခရစ္စ၀ိုက်ဒါက ၀န်ခံ ပြောဆိုလိုက်ပါတယ်။

ရှက်ဖီးယူနိုက်က်ဟာ ပြန်လည် ခြေစွမ်းပြနိုင်ခဲ့ပြီး ဒုတိယမြောက်လိဂ်နိုင်ပွဲအဖြစ် အဲဗာတန်အသင်းအား ၂-၀ ဂိုး ဖြင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်က အနိုင်ရရှိခဲ့ပါတယ်။

ပြိုင်ဘက်အသင်းရဲ့ကြောက်စရာကောင်းတဲ့ တိုက်စစ်ဖြစ်တဲ့ ဆာလက်၊ ဖာမီနို၊ မာနေးတို့ရဲ့တိုက်စစ်ကို ၀ိုက်ဒါ က အသိမှတ်ပြုထားတာ ဖြစ်ပါတယ်။

'' နောက်တန်းကို ၃ ယောက်ဖြင့် ပြောင်းကစားနိုင်သလို၊ ၁၀ ယောက် ၁၁ ယောက်ဖြင့်လည်း ကစားနိုင်ပါတယ် '' လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် သူက ဟာသလုပ်ခဲ့ပါတယ်။

'' သူတို့အသင်းက ကျွန်တော်တို့ထက် ပိုကောင်းတဲ့အသင်းပါ ''

'' လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်ကလိုမျိုး အရည်အချင်းတွေ သူတို့မပြသနိုင်ဖို့တော့ မျှော်လင့်မိပါတယ် ''

'' သူတို့က အားလပ်ရက် ၁ ရက်သာ ရရှိထားပြီး ကျွန်တော်တို့က သူတို့ထက် ပိုရထားတာပါ။ ကျွန်တော်တို့မှာ အခွင့်အရေး ရရှိတဲ့အခါမှာ ကြိုးစားပြီးတော့ ပွဲကို ဦးဆောင်ပြီး ကစားသွားမှာပါ ''

ရှက်ဖီးယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့က ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ကာ EFL ဖလားပွဲမှ ထွက်ခဲ့ရတာဖြစ်သော် လည်း ပရီးမီးယားလိဂ်ကို ရမှတ် ၅ မှတ်အသာဖြင့် ဦးဆောင်နေတဲ့ လီဗာပူးလ်နှင့် တွေ့ဆုံမည့်ပွဲမှာတော့ သူ့ရဲ့ ကစားသမားတွေ တွန့်ဆုတ်မနေဖို့အတွက် ၀ိုက်ဒါက စိတ်အားထက်သန်နေတာပါ။

'' ဒီပွဲမှာ ကျွန်တော့်ကစားသမားတွေ ခြေစွမ်းမပြနိုင်မှာကို ကျွန်တော်မကြည့်ချင်ပါဘူး။ အင်္ကျီပေါ်တွင်လက်မှတ် ထိုးပြီး ကျွန်တော်ကရော လဲလှယ်နိုင်လားလို့ ပွဲမတိုင်ခင်မှာ ကစားသမားတွေကို ပြောထားပါတယ် '' လို့ သူက ပြောပါတယ်။

'' ဒီပွဲကို ပရီးမီးယားလိဂ်ပွဲတစ်ပွဲအဖြစ် ကစားမှာပါ။ အခုအချိန် ကျွန်တော်တို့ကလပ်နှစ်ခုကြားမှာ ကြီးမားတဲ့ ကွာဟမှုရှိသော်လည်း အဲ့ဒီကွာဟချက်ကို ကျဉ်းမြောင်းသွားအောင် ကျွန်တော်တို့က ကြိုးစားပြီး လုပ်ဆောင်သွားမှာပါ ''

'' လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကျွန်တော့်ရဲ့ကစားသမားတွေဟာ အနိုင်ရရှိလိုစိတ်မရှိဘဲနဲ့ အောင်မြင်မှုရလဒ်ကို ရရှိခဲ့တာမဟုတ်ပါဘူး။ ပြိုင်ဘက်က ဘာအသင်းပဲဖြစ်ဖြစ် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တဲ့ နောက်တစ်ပွဲကို ကြည့်လိုက်ပါ '' လို့ ၀ိုက်ဒါကပြောပါတယ်။

#လီဗာပူး #ဝိုင်လ်ဒါ #ရှက်ဖီးလ်ယူနိုက်တက်