ရှေ့သို့
Image

မက်ဆီအနေနဲ့ ဖိနပ်ကြိုး မချည်ပဲနဲ့တောင် ဘာစီလိုနာအသင်းသားတွေကို ကျော်ဖြတ်နိုင်ကြောင်း ဒန်နီအဲဗက်စ်ပြောကြား

4:25 PM, 26 September

ဘာစီလိုနာ ကစားသမားဟောင်း ဒန်နီအဲဗက်စ်ဟာ အသင်းမှာ ၈နှစ်ကြာ ကစားခဲ့ပြီး မက်ဆီရဲ့ ကောင်းမွန်တဲ့ ကစားပုံကို တွေ့မြင်ခဲ့ရတဲ့အကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။

လက်ရှိ ဆော်အိုပေါ်လိုအသင်းမှာ ကစားနေတဲ့ အဲဗက်စ်က ဘာစီလိုနာမှာ ရှိနေစဉ်က မက်ဆီဟာ သူ့ရဲ့ ဖိနပ်တွေကိုတောင် ကြိုမချည်ပဲ လေ့ကျင့်ရေးကွင်းမှာ နောက်ခံလူတွေကို အလဲလဲအပြိုပြို ဖြစ်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲဗက်စ်က "ကျွန်တော် လေ့ကျင့်ခန်းအစီအစဉ်တစ်ခုကို သတိရမိပါတယ် မက်ဆီက သူ့ရဲ့ ခြေထောက်တွေနဲ့ မယုံနိုင်စရာကောင်းတာတွေကို လုပ်ပြသွားခဲ့တကိုပါ။ အခုအချိန်မှာတော့ နည်းနည်းပြောင်းလဲသွားပါပြီ။ အဲ့ဒီ လေ့ကျင့်ခန်းအစီအစဉ်က တော်တော်လေး ပြင်းထန်ခဲ့ပါတယ်။ မက်ဆီက နောက်ခံလူတစ်ဦးကို ကျော်ဖြတ်ပြီး ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် သူ ကျွန်တော့်ကို ကျော်ဖြတ်ခဲ့ပြန်ပါတယ်"

" အဲ့ဒီအချိန်မှာ ကျွန်တော် သူ့ရဲ့ ဖိနပ်တွေကို ကြည့်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မေးမိပါတယ်။ သူ နောက်နေတာလားပေါ့။ သူ ထပ်ကျော်သွားတော့ ကျွန်တော် ဒါမဖြစ်နိုင်ဘူးလို့ ထပ်တွေးမိပြန်ပါတယ်။ ကျွန်တော် မြင်နေရတာ ယုံတောင်မယုံနိုင်ပါဘူး။ သူ့ရဲ့ ဖိနပ်တွေက ကြိုးတောင်မချည်ထားပါဘူး။ ၂ဖက်စလုံးကိုပါ။ သူက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေနဲ့ ကစားနေတာကို အပျော်တန်းကစားသမားတွေနဲ့ ကစားနေသလို ကစားနေတာပါ။ အဲ့ဒီအချိန်မှာ ကျွန်တော်တွေးမိတာက သူ့လိုကစားသမားမျိုးနဲ ထပ်ပြီး မကစားတော့ဘူးဆိုတာပါပဲ"လို့ ပြောခဲ့ပါတယ်။

မက်ဆီဟာ တနင်္လာနေ့ကတော့ ဖီဖာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ပြိုင်ဘက်ဖြစ်သူ ဗန်ဒိုက်ကတော့ အဆိုပါဆုအတွက် မက်ဆီသာ ထိုက်တန်ကြောင်း ၀န်ခံပြောကြားထားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒန်နီ အဲဗက်စ်