ရှေ့သို့
Image

ဇန်န၀ါရီမှာ ပေါင် ၃၀ သန်းနဲ့ရောင်းချမှာကိုငြင်းဆန်ပြီး နွေရာသီမှာ အလွတ်နဲ့ အဲရစ်ဆင် ထွက်ခွာမှာကို စိုးရိမ်နေတဲ့ စပါး

10:38 AM, 26 September

စပါးအသင်းကတော့ ကွင်းလယ်ကစားသမား အဲရစ်ဆင်တစ်ယောက် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ပေါင် ၃၀ သန်းနဲ့ ရောင်းချမှာကို ငြင်းဆန်ပြီး နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမှာကို စိုးရိမ်နေပါတယ်။

စပါးနည်းပြဟာ လက်ရှိကွင်းလယ်ကစားသမား အဲရစ်ဆင်ရဲ့ခြေစွမ်းကိုစိတ်ပျက်လာခဲ့ပြီး လာမယ့်နွေရာသီမှာ ဒါမှမဟုတ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ အပြောင်းအလဲပြုလုပ်ဖို့အလိုရှိနေပါတယ်။

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ကွင်းလယ်ကစားသမား အဲရစ်ဆင်တစ်ယောက် ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် အခြေအနေတွေက ပိုပြီးဆိုးရွားလာဖွယ်ရှိနေပါတယ်။

ဒါပေမမယ့် အဲရစ်ဆင်ကတော့ လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်မရှိတာဖြစ်ပါတယ်။

စပါး အသင်းဟာ အဆိုပါ ဒိန်းမတ်သားကို နွေရာသီ အပြောင်းအရွှေ့တုန်းက ပေါင် ၁၀၀ သန်းနဲ့ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် ပေးချေမယ့်အသင်းမရှိတာကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။

သို့ပေမယ့် သတင်းတွေအရတော့ စပါးအသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပေါင် ၃၀ သန်းနဲ့ရောင်းချမယ်လို့ ဖော်ပြနေကြပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်ကတော့ ဥရောပကလပ်အသင်းကြီးတစ်သင်းထံပြောင်းရွှေ့လိုနေတာဖြစ်ကာ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းကလည်း ရီးရဲလ်အသင်းထံပြောင်းရွှေ့ဖို့နီးစပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း အဲရစ်ဆင်ရဲ့အခြေအနေကို ဥရောပကလပ်အသင်းတွေက စောင့်ကြည့်နေပြီး လာမယ့်ဇန်န၀ါရီမှာ ပြန်လည်ကြိုးပမ်းဖွယ်ရှိနေပါတယ်။

စပါးအသင်းအနေနဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာသာ အဲရစ်ဆင်ကို ရောင်းချနိုင်ခြင်းမရှိပါက လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွှတ်ရဖွယ်ရှိနေပါတယ်။

#စပါး #အဲရစ်ဆင်