ရှေ့သို့
Image

ယမန်နေ့ညကပွဲစဉ်မှာ ၂ဂိုး သွင်းနိုင်ခဲ့တဲ့ မာတီနယ်လီရဲ့ ခြေစွမ်းက အာဆင်နယ် ပရိသတ်တွေကို ရူးသွပ်စေခဲ့

12:34 PM, 25 September

အာဆင်နယ်ပရိသတ်တွေဟာ ယမန်နေ့ညက နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီနယ်လီရဲ့ ခြေစွမ်းအပေါ် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပြီး လူမှုကွန်ရက်မှာ ရူးသွပ်စွာ အောင်ပွဲခံခဲ့ကြပါတယ်။

မာတီနယ်လီဟ ဘရာဇီးကလပ် အီတူအာနို အသင်းကနေ ပေါင် ၆သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယမန်နေ့ညက ပွဲစဉ်မှာ ဒုတိယအကြိမ် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

မာတီနယ်လီဟာ ရော်နယ်ဒိုရဲ့ ကစားပုံကို အတုယူကစားတယ်လို့ ယခင်က ထုတ်ဖော်ထားခဲ့ပြီး ဖောရက်စ်နဲ့ ပွဲစဉ်မှာတော့ ရော်နယ်ဒိုနဲ့ဆင်တူတဲ့ သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူသွားခဲ့ပါတယ်။

မာတီနယ်လီဟာ ပထမဂိုးကိုတော့ ချမ်ဘာစ်ရဲ့ ဗော်လီကန်ချက်နဲ့ ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဂိုးကိုတော့ မာတီနယ်လီဟာ ဖောရက်စ်နောက်တန်း ကစားသမားတွေကို ကျော်ဖြတ်ကာ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မာတီနယ်လီရဲ့ ခြေစွမ်းကို ပရိသတ်တွေက လူမှုကွန်ရက်မှာ ချီးကျူးခဲ့ကြပြီး အူဘာမီယန်းရဲ့ နေရာကို ဆက်ခံမယ့်ကစားသမားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးကတော့ ရော်နယ်ဒိုရဲ့ မန်ယူအသင်းမှာ ရှိနေစဉ်က ဓာတ်ပုံကို တင်ခဲ့ပြီး "မာတီနယ်လီ အသင်းကြီးမှာ စကစားသောအခါ"လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။

#မာတီနယ်လီ