ရှေ့သို့
Image

“ကင်မ်မစ်ခ်ျဟာ အနာဂတ်တွင် ဘိုင်ယန်နှင့် ဂျာမနီတို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်” မားသီးယက်စ်

8:55 AM, 25 September

လီဝန်ဒေါစကီးနှင့် ကင်မ်မစ်ခ်ျတို့ရဲ့အကြောင်းကို မက်သရူးစ်က ပြောဆိုလိုက်တာပါ။

''ကျွန်တော်ကတော့ လီဝန်ဒေါစကီးကို ယုံကြည်ပါတယ်။ ကျွန်တော်ဟာ သူ့ရဲ့ပရိသတ်တစ်ယောက်လည်း  ဖြစ်ပါတယ်။ သူ ကျန်းမာကြံ့ခိုင်နေပြီး ဘာဒဏ်ရာမှမရဖို့က အရေးကြီးပါတယ်။ တကယ်တော့ ရာသီတိုင်းမှာ သူ့ကို ကျွန်တော်တို့က ယုံကြည်နိုင်ပါတယ်''

''သူက စံချိန်တွေတင်ဖို့လည်း နီးစပ်နေကာ ကံကောင်းခဲ့ရင်တော့ ကြီးမားတဲ့အခွင့်အရေးတွေကို ရရှိနိုင်မှာဖြစ်ကာ တစ်ရာသီတည်းမှာ ဂိုး ၄၀ သွင်း ယူဖို့ဆိုတာက သူ့အတွက် မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး''

ကင်မ်မစ်ခ်ျအကြောင်းကိုတော့ ''သူက နှစ်နေရာစလုံးအတွက် အရမ်းကိုတန်ဖိုးရှိပါတယ်။ သူက ညာတောင်ပံတွင် အရမ်းကို လေးပေးကစားခဲ့တဲ့အတွက် အဲ့ဒီဘက်မှာပဲကစားတာကိုပဲ ကျွန်တော်တွေ့ချင်ပါတယ်လို့ ပြောချင်ပါတယ်။ ကွင်းလယ်မှာ ကစားရာတွင်လည်း သူကတည်ငြိမ်ပါတယ်'' လို့သူကပြောပါတယ်။

''ညာတောင်ပံဘက်မှာတော့သူဟာ အရမ်းကိုကောင်းမွန်ပြီး ဂိုးတွေလည်းသွင်းယူကာ ဖန်တီးမှုတွေလည်းပြုလုပ်ပေးပါတယ်။ လေ့ကျင့်ပေးရသူတစ်ယောက်ရဲ့ အမြင်ကတော့ ဒီလို နှစ်နေရာစလုံးတွင် ကစားနိုင်တဲ့ ကစား သမားမျိုးရှိတဲ့အတွက် ၀မ်းသာမိပါတယ်။ သူက ကမ္ဘာ့အဆင့်ရှိကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဖီးလစ်လမ်းလိုပဲ ဘယ်ခြေရော ညာခြေရောဖြင့် ဂိုးသွင်းယူနိုင်တဲ့ကစားသမားဖြစ်ပါတယ် ''

''ဘိုင်ယန်မြူးနစ်တွင် နူအာပြီးနောက် အနာဂတ်မှာ ကင်မ်မစ်ခ်ျကဟာ အသင်းခေါင်းဆောင်ဖြစ်လာမှာလားလို့မေးရာတွင် မားသီးယက်စ်က လုံးဝသေချာတောပေါ့။ နူအာက နိုင်ငံ့လက်ရွေးစင်အသင်းနှင့် ဘိုင်ယန်အသင်း ကနေ အနားယူသွားတဲ့အခါ ကျွန်တော့်အတွက်ကတော့ သူက အသင်းခေါင်းဆောင် ရာထူးကို ဆက်ခံမည့်သူပါ ပဲ ''လို့ ပြောကြားခဲ့ပါတယ်။

#ကင်မစ်ခ်ျ #မက်သရူး