ရှေ့သို့
Image

ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး ၂ဦးပစ်မှတ်ထားနေတယ်ဆိုတဲ့ ဆိုးလ်ရှား

11:04 PM, 24 September

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ဇန်န၀ါရီဈေးကွက်အတွင်း သူခေါ်ယူလိုနေတဲ့ တိုက်စစ်မှူး ၂ဦးကို ယခုကတည်းက စာရင်းလုပ်ထားကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အင်တာမီလန်ကို ရောက်သွားတဲ့ လူကာကူနဲ့ ဆန်းချက်ဇ်တို့ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးမခေါ်ယူခဲ့တာကြောင့် ယခုရာသီမှာ ရုန်းကန်နေရပြီး မာရှယ်က လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရသလို ရက်ရှ်ဖို့ဒ်ကလည်း ၀က်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ လူစားလဲခံခဲ့ရရာ ဆိုးလ်ရှားလည်း တိုက်စစ်ပိုင်းအခက်ကြုံနေရပါတယ်။

ဒီအတွက်ကြောင့်ပဲ ယူနိုက်တက်ဟာ လာမယ့်ဆောင်းရာသီဈေးကွက်အတွင်း တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ ယခုကတည်းက စီစဉ်နေပြီး အမှုဆောင်အရာရှိချုပ် ၀ုဒ်ဝါ့ဒ်ကလည်း အသင်းအတွက် လိုအပ်တဲ့ကစားသမားကို ခေါ်ယူဖို့ ဘက်ဂျက်အလုံအလောက်ချပေးမယ်လို့ အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ယူနိုက်တက်နဲ့ပတ်သက်လို့ တိုက်စစ်မှူးအများအပြားလည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ The Independent သတင်းစာရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာ ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်တို့ ၂ဦးကိုပဲ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒမ်ဘီလီက ယခုရာသီမှာ ဘာစီလိုနာအတွက် လာလီဂါ ၁ပွဲပဲပါဝင်ကစားထားပေမယ့် သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၀၀ အထိရှိလာနိုင်ပါတယ်။ မန်ဇူကစ်က ဒမ်ဘီလီထက်စာရင် ပြောင်းရွှေ့ကြေးပိုမိုနည်းပါးနိုင်တာမှန်ပေမယ့် အသက် ၃၃နှစ်အရွယ်ရှိ ခရိုအေးရှားတိုက်စစ်မှူးဟောင်းအနေနဲ့ မှန်ကန်တဲ့ခေါ်ယူမှုဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆုိးလ္ရွား