ရှေ့သို့
Image

ယူနိုက်တက်နည်းပြ ရာထူးအတွက် ရေပန်းစားနေတဲ့ အယ်လီဂရီ

3:12 PM, 24 September

ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီဟာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ နေရာမှာ အစားထိုးဖို့အတွက် ရေပန်းစားနေတယ်လို့ သိရပါတယ်။  အယ်လီဂရီဟာ ဘောလုံးလောကကနေ တစ်နှစ်လောက် အနားယူမယ်လို့ ကြေညာထားခဲ့ပေမယ့် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် နည်းပြရာထူးတွေအတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

တူတိုစပေါ့ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အယ်လီဂရီကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားဟာ အသင်းရဲ့ ဂန္တ၀င်ကစားသမားဖြစ်ပေမဲ့ ရလဒ်တွေ ဆိုးရွားနေခဲ့တာကြောင့် အသင်းက ထွက်ခွာရဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။

အယ်လီဂရီကလည်း အင်္ဂလိပ်စကားပြော သင်ကြားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ယူနိုက်တက်ကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ နည်းပြ  ဘလန့်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #အယ္လီဂရီ #ဆိုးလ္ရွား