ရှေ့သို့
Image

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဖိအားတွေရှိနေပေမယ့် ပြင်ဆင်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကိုရောက်လာတဲ့ ဆိုးလ်ရှား

2:40 PM, 24 September

တနင်္ဂနွေနေ့က ၀က်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းမှာ ဆိုးရွားတဲ့ခြေစွမ်းနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေက နော်ဝေသားနည်းပြကို ထုတ်ပယ်ဖို့အထိ တောင်းဆိုလာကြပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲ ရှာဖွေနေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း ၀က်စ်ဟမ်း အသင်းကို ယာမိုလန်ကို ၊ ခရက်စ်ဝဲလ်တို့ရဲ့ ဂိုးတွေနဲ့ ရှက်စဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် SunSports ရဲ့ ဆောင်းပါးရှင် အလန်ရှီးယားက “ မယုံနိုင်လောက်အောင် ဆိုးရွားတဲ့ ခြေစွမ်းပဲ “ လို့ ဝေဖန်ရေးသားခဲ့ပါတယ်။

ယူနိုတက်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကလည်း နည်းပြဟောင်း မော်ရင်ဟိုပြောခဲ့သလိုပဲ ယူနိုက်တက်က လက်ရှိခြေစွမ်း အတိုင်းဆို တိုးတက်မယ့် လမ်းမမြင်ဘူးလို့ ဆိုခဲ့ပြီး ယူနိုက်တက်ရဲ့ကျဆုံးခန်းက ကြောက်ဖို့တောင် ကောင်းတယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ၆ ပွဲကစား ၈ မှတ်သာ ရရှိခဲ့ပြီး ဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၀ မှတ် ကွာဟသွားခဲ့ပါပြီ။ ပရိသတ်တွေက ဒုဥက္ကဌအက်ဒ်ဝုဒ်ဝါ့ဒ်ဆီမှာ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့အထိ တောင်းဆိုခဲ့ကြပေမယ့် ဆိုးလ်ရှားကတော့ လက်ထောက်နည်းပြ မိုက်ကယ်ကာရစ် နဲ့အတူ ကာရင်တန်ကို ရောက်ရှိလာခဲ့ပါတယ်။

အရှုပ်တွေကိုရှင်းဖို့ နည်းပြဖြစ်သူ ရောက်ရှိလာခဲ့ပေမယ့် ကစားသမားတွေကိုတော့ တစ်ယောက်မှ မမြင်ခဲ့ရပါဘူး။ ပရိသတ်တချို့က ကွင်းပြင်မှာ “ အိုလီ ထွက်သွား “ ဆိုပြီး သံပြိုင် သီဆိုခဲ့တာကြောင့် ယူနိုက်တက် ကစားသမားဟောင်း ရီယိုဖာဒီနန်နဲ့တောင် စကားများခဲ့ကြပါသေးတယ်။

တချို့ပရိသတ်တွေကတော့ သူတို့ရဲ့ဒေါသကို ဒုဥက္ကဌ၀ုဒ်ဝါ့ဒ်အပေါ် ပုံချခဲ့ကြပြီး ကစားသမားသစ် ထပ်မံ ခေါ်ယူဖို့ ငြင်းခဲ့တာတွေကြောင့် ဘုတ်အဖွဲ့မှာ တာဝန်ရှိတယ်လို့ ယူဆခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်ကတော့ တွစ်တာပေါ်ကနေ “ ပြဿနာက အိုလီမဟုတ်ဘူး ၊ တကယ် ပြဿနာကို လုပ်နေတာက အက်ဒ်ဝုဒ်ဝါ့ဒ်ပဲ “ လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်တစ်ယောက်ကလည်း “ အိုလီအတွက် စိတ်မကောင်းဖြစ်မိတယ်။ အက်ဒ်ဝုဒ်ဝါ့ဒ်ရဲ့ အသင်းကို စီမံနေပုံက ခွင့်မလွှတ်ချင်စရာပဲ “ လို့ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ၀က်စ်ဟမ်းနဲ့ ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ် ဒဏ်ရာရသွားခဲ့ပြီး မာရှယ်ကလည်း ပေါင်ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ နောက်ထပ်နံပါတ် ၉ နေရာမှာ ကစားတဲ့ ၁၇ နှစ်အရွယ် လူငယ်ကစားသမားလေး ဂရင်းဝုဒ်ကလည်း အာသီးရောင် နေတာကြောင့် ၀က်စ်ဟမ်းနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။

#မနျစီးတီး #ဝက်စ်ဟမ်း #ဆိုးလ်ရှား