ရှေ့သို့
Image

ဂရင်းစ်ဘီနဲ့ ပွဲစဉ်မှာ ဟတ်ဆန်-အိုဒွိုင်း ပါဝင်ကစားမယ်လို့ ချဲလ်ဆီးအတည်ပြု

1:29 PM, 24 September

ချဲလ်ဆီးလူငယ် တောင်ပံကစားသမား ဟတ်ဆန်-အိုဒွိုင်းဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက် မနက်ဖြန်မှာ ကစားမယ့် ဂရင်းစ်ဘီနဲ့ ပွဲစဉ်မှာ ပါဝင် ကစားသွားမယ်လို့ သိရပါတယ်။ အိုဒွိုင်းဟာ ဖနောင့်ကြော ဒဏ်ရာကြောင့် ဧပြီလကတည်းက အနားယူနေရတာဖြစ်ပြီး နည်းပြ အပြောင်းအလဲကိုလည်း ကွင်းဘေးကသာ ကြည့်နေခဲ့ရပါတယ်။

လမ်းပတ်ဟာ နည်းဟောင်း ဆာရီရဲ့နေရာမှာ အစားထိုး ၀င်ရောက်လာခဲ့သလို အိုဒွိုင်းကလည်း ပေါင် ၄၇ သန်းတန်ကြေးရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဂရင်းစ်ဘီနဲ့ ပွဲစဉ်မှာ လူငယ်ညာနောက်ခံလူ ရိဒ်ဂျိမ်းစ်လည်း ပွဲထွက်ပါဝင်လာဖို့ ရှိနေပါတယ်။ 

လမ်းပတ်က " သူတို့ ၂ ဦးစလုံး ဂရင်းစ်ဘီနဲ့ ပွဲမှာ ပါလာမှာပါ။ ပုံမှန် ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေကို အဲ့ဒီပွဲစဉ်မှာ နေရာပေးသွားမှာပါ။ ကျွန်တော်တို့ လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့် ကစားခွင့်မရသေးတဲ့ အသင်းသားတွေအတွက်လည်း ပွဲချိန် လိုအပ်ပါသေးတယ်။. အိုဒွိုင်းက ဒဏ်ရာက ပြန်လာဖို့အတွက် ရှိနေပါတယ်။ ဒဏ်ရာကြောင့် အကြာကြီး နားခဲ့ရပေမယ့် မနက်ဖြန်ပွဲစဉ်မှာ ရိဒ်နဲ့အတူ ပါဝင်လာမှာပါ "လို့ ပြောခဲ့ပါတယ်။

#ဟက်ဆန် အိုဒွိုင်း