ရှေ့သို့
Image

ဟိုးဒင်း ၊ ဘယ်လာရင် နဲ့ တီယာနေးတို့ နော်တင်ဟမ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ အမ်မရီထုတ်ဖော်

11:15 AM, 24 September

အာဆင်နယ်အသင်းနောက်ခံလူ ရော့ဘ် ဟိုးဒင်းတစ်ယောက် လာမယ့်အင်္ဂါနေ့မှာကစားမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ အသင်းအတွက်ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

အဆိုပါနောက်ခံလူဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၂ ဂိုးဆီသရေကျခဲ့တဲ့ပွဲစဉ်မှာ အရွတ်ကြောဒဏ်ရာကြောင့် ပထမအသင်းပွဲစဉ်တွေကိုလွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အမ်မရီကတော့ နောက်ခံလူ ဟိုးဒင်းဟာ လာမယ့်ကြားရက်မှာကစားမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ဟိုးဒင်းလား ကျွန်တော့်အထင်သူ အင်္ဂါနေ့မှာ ပြန်ကစားနိုင်လောက်ပါတယ်”လို့ အာဆင်နယ်နည်းပြက ပြောပါတယ်။

အခြားနောက်ခံလူတွေဖြစ်တဲ့ ဘယ်လာရင် ၊ တီယာနေးတို့ကတော့ ဒီရာသီအသင်းနဲ့ပူးပေါင်းနိုင်ခြင်းမရှိသေးပဲ သောကြာနေ့က ၀ုဗ်ယူ -၂၃ အသင်းနဲ့ပွဲစဉ်မှာလည်း ပွဲကစားချိန် ၆၂ မိနစ်လောက်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

ဟိုးဒင်းနည်းတူ ဘယ်လာရင်ကလည်း ချဲလ်ဆီးအသင်းကို ၂-၀ ဂိုးနဲ့အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အရွတ်ကြောဒဏ်ရာခံစားခဲ့ရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ စပိန်သားဟာ ပြီးခဲ့တဲ့အပတ်အသင်းနဲ့အတူအပြည့်အ၀လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ထို့နည်းတူ နွေရာသီက ဆဲလ်တစ်ကနေခေါ်ယူထားခဲ့တဲ့ ဘယ်နောက်ခံလူ တီယာနေးကလည်း အသင်းနဲ့အတူ မကြာခင်ကမှ လေ့ကျင့်ခန်းအပြည့်အ၀ပြန်ဆင်းခဲ့တာပါ။

“ကျွန်တော်တို့မကြာခင်မှာ ဘယ်လာရင်ကော တီယာနေးတို့ပါနိုင် မပါနိုင်ဆုံးဖြတ်သွားမှာပါ။ ပြီးခဲ့တဲ့အပတ်တုန်းက ယူ-၂၃ အသင်းနဲ့အတူပါဝင်ကစားခဲ့ပါတယ်”လို့ အမ်မရီက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ကကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့်ကြားရက်မှာကစားမယ့် နော်တင်ဟမ်အသင်းနဲ့ပွဲစဉ်မှာတော့ တိုက်စစ်မှူး အူဘာမီယန်းကို အနားပေးဖွယ်ရှိနေပြီး ဘရာဇီးသား မာတီနယ်လီကိုထည့်သွင်းလာဖွယ်ရှိနေပါတယ်။

“တနင်္ဂနွေနေ့ကတော့ ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာလည်း ကျွန်တော်တို့ဆက်လက်ပြီး အကောင်းဆုံးကစားနိုင်မယ်လို့ထင်ပါတယ်”လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။

#ဘယ်လာရင် #တီယာနေး #ဟိုးဒင်း