ရှေ့သို့
Image

“စိတ်ဝင်စားဖို့မကောင်းသရွေ့ လီဗာပူးက အမှတ်ပေးဇယားကိုမကြည့်ပါဘူး” ရော်ဘတ်ဆန်

5:30 PM, 23 September

လီဗာပူးဘယ်နောက်ခံကစားသမား ရော်ဘတ်ဆန်ကတော့ တနင်္ဂနွေနေ့ညကကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ထားနိုင်တဲ့အတွက် ကျေနပ်မိတယ်လို့  စကိုင်းစပေါ့ကိုပြောပါတယ်။

“ကျွန်တော်တို့ အမှတ်ပေးဇယားကို မကြည့်ပါဘူး။ ပွဲစဉ်တွေအများကြီးကန်ဖို့ကျန်နေပါသေးတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ၅ မှတ်ဖြတ်ထားနိုင်ပါတယ်”လို့ သူကပြောပါတယ်။

“ကျွန်တော်တို့ အခုအစကောင်းနေပါတယ်။ လက်ရှိရရှိနေတဲ့ ပုံစံကောင်းကိုဆက်ထိန်းထားဖို့လိုပါတယ်။ ပွဲရဲ့အနိုင်ရလဒ်တွေကို ဆက်ထိန်းဖို့ကျွန်တော်တို့ ကိစ္စပါ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ဝင်စားဖို့ မကောင်းသရွေ့အမှတ်ပေးဇယားကို မကြည့်ပါဘူး”လို့ ရော်ဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ရောဘတ်ဆန်