ရှေ့သို့
Image

ပရိသတ်ကပေးတဲ့ ရေဘူးကို သောက်ခဲ့ပြီး အက်သလက်တီကို ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးရယူသွားတဲ့ ထရစ်ပီးယား

4:33 PM, 23 September

အက်သလက်တီကိုနောက်ခံလူ ထရစ်ပီးယားဟာ ဆဲလ်တာဗီဂိုနဲ့ ပွဲစဉ်မှာ ပရိသတ်တွေ သူ့အပေါ် ပိုမိုချစ်ခင်စေမယ့် အပြုအမူမျိုး ပြုလုပ်သွားခဲ့ပါတယ်။ ၂၉ နှစ်အရွယ် ညာနောက်ခံလူဟာ ပွဲချိန်အတွင်းမှာ ပရိသတ်တစ်ဦးတိုက်တဲ့ ရေဘူးကို သောက်ခဲ့ပြီး ပွဲအပြီးမှာတော့ အဆိုပါ ပရိသတ်ကို အကျီ င်္ပေးခဲ့တာ ဖြစ်ပါတယ်။

ထရစ်ပီးယားဟာ ယခုနှစ်နွေရာသီမှာ စပါးအသင်းကနေ ချိုသာတဲ့ ပြောင်းရွှေကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ဂျူဗင်တပ်စ်နဲ့ပွဲမှာ အခွင့်အရေးအများဆုံး ဖန်တီနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်ပေးခဲ့ပါတယ်။

ထရစ်ပီးယားဟာ ကွင်းထဲမှာသာမက ကွင်းပြင်ပမှာလည်း ပရိသတ်တွေရဲ့အချစ်ကို ရယူထားနိုင်ပြီး စပိန်စကားကို တစ်ပတ်ကို ၃ ကြိမ် သင်ကြားနေတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ ယခုအပတ်မှာလည်း သူ့အပေါ် ကူညီလိုနေတဲ့ ပရိသတ်တစ်ဦးအပေါ် အသိအမှတ်ပြုပြီး ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေ ခံခဲ့ရပါတယ်။

တွစ်တာက ပရိသတ်တစ်ဦးက " အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုပါပဲ "လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးက " ကျွန်တော် ဒီလိုအရာမျိုးလေးတွေကို ကြိုက်ပါတယ်။ သာမန်လူတစ်ဦးလိုပဲ ပရိသတ်ကပေးတဲ့ ရေဘူးကို သောက်ခဲ့ပါတယ်။ ပရိသတ်တွေက ဒီနေ့ကို အမှတ်ရနေမှာပါ "လို့ ဆိုပါတယ်။

#စပါး #လာလီဂါ #ထရစ်ပီးယား