ရှေ့သို့
Image

အသက် ၃၀ နောက်ပိုင်း သွင်းဂိုး ၃၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်

1:38 PM, 23 September

ဇလာတန် အီဘရာဟီမိုဗစ်ဟာ ယမန်နေ့ညက LA ဂလက်စီအသင်းအတွက် သွင်းဂိုး ၁ ဂိုး သွင်းယူခဲ့ပြီးနောက် အသက် ၃၀ နောက်ပိုင်းမှာ သွင်းဂိုး ၃၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ၃၇ နှစ်အရွယ် မိုဗစ်ဟာ မွန်တီရယ် အင်ပတ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရိုကစားသမားဘ၀ စတင်ခဲ့ပြီး အသက် ၃၀ အရွယ်အထိ ၁၂ နှစ်ကြာ ကာလမှာတော့ မိုဗစ်ဟာ ၂၂၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က မိုဗစ်ဟာ မတူညီတဲ့ လိဂ် ၄ ပွဲလိဂ်မှာ ကစားခဲ့ပြီး ဂိုးတွေအများကြီး သွင်းယူခဲ့သလို ဆုဖလားတွေလည်း ရရှိခဲ့ပါတ်ယ။

ကလပ်အသင်အနေနဲ့ မိုဗစ်ဟာ အေစီမီလန်အသင်းမှာ ၃၂ ဂိုး၊ ပီအက်စ်ဂျီအသင်းအတွက် ၁၅၆ ဂိုး၊ မန်ယူအတွက် ၂၉ ဂိုးနဲ့ LA ဂလက်စီအသင်းအတွက် ၄၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲစဉ်အနေနဲ့တော့ ဆွီဒင်အသင်းအတွက် ၃၄ ပွဲကစားခဲ့ပြီး ၂၀၁၆ မှာ နိုင်ငံအသင်းကနေ အနားယူခဲ့ပါတယ်။ 

အဆိုပါ အချိန်တွေအတွင်းက မိုဗစ်ဟာ  စီးရီးအေ ၁ ကြိမ်၊ လီဂူး ၁ ဖလား ၄ ကြိမ်နဲ့အတူ မန်ယူအသင်းမှာ ယူရိုပါလိဂ် ၁ ကြိမ် ရရှိခဲ့ပါတယ်။ အလားတူ ပြင်သစ် ရှုံးထွက်ဖလားတွေနဲ့ မန်ယူအသင်းအတွက် လိဂ်ဖလားတစ်လုံး ရရှိခဲ့ပါတယ်။ မိုဗစ်ဟာ မေဂျာလိဂ်မှာတေ့ အကောင်းဆုံး ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ အပတ်ကလည်း စပို့တင်းကန်းဆက်နဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပါတယ်။

LA ဂလက်စီအသင်းဟာ မေဂျာလိဂ်မှာတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဆီတဲလ်ဆောင်ဒါအသင်းနဲ့ ၂ မှတ်အကွာမှာ ရပ်တည်နေခဲ့ပါတယ်။

# အယ်အေဂလက်စီ #ဆွီဒင်