ရှေ့သို့
Image

ဝက်စ်ဟမ်းအသင်းကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက် ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ရီယိုဖာဒီနန်

1:23 PM, 23 September

ရာမိုလန်ကိုနဲ့ ခရက်စ်ဝဲလ်တို့ရဲ့ဂိုးတွေနဲ့ ယူနိုက်တက်တို့ အဝေးကွင်း ရှုံးပွဲဆက် စံချိန်တင်ခဲ့ပြီး ဒီစံချိန်ဟာ နည်းပြဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် စတင်ခန့်အပ်ခဲ့ကတည်းက အဝေးကွင်းနိုင်ပွဲ မရရှိသေးတာပဲ ဖြစ်ပါတယ်။ 

ယခုလိုမျိုး စိတ်ပျက်စရာ ရှုံးပွဲ ကြုံတွေ့ခဲ့ပြီးနောက် ယူနိုက်တက် ပရိတ်သတ်တွေရဲ့ချန်နယ်တစ်ခုဖြစ်တဲ့ The United Stand က ပွဲပြီးတဲ့နောက် Ole Out ဆိုတဲ့ သံပြိုင်သီချင်းကို သီဆိုခဲ့ကြပါတယ်။

အသင်းဟောင်းနှစ်သင်းရဲ့ပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ဖာဒီနန်နဲ့လည်း ကွင်းအပြင်က ပရိသတ်တစ်ချို့နဲ့ စကားအချေအတင် ပြောခဲ့ကြပါသေးတယ်။

ဖာဒီနန်က “ ဒီမှာ ဒီမှာ အဲ့ဒီသံပြိုင်သီချင်းက ဘယ်က ထွက်လာတာလဲ ? Ole Out ဟုတ်လား ? ဘာအတွက်လဲ ၊ ဘာလို့ထွက်ရမှာလဲ ? ခင်ဗျားတို့ အပတ်တိုင်း မန်နေဂျာကိုပဲ ပြောင်းခိုင်းနေတော့မှာလား ? လူတိုင်းအဲ့လိုပဲ ဖြစ်စေချင်ကြတာလား ? လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတောင် ဒီလိုမျိုးဆိုကြတာ မမြင်မိဘူး။ ဒါကြီးက ခင်ဗျားတို့လုပ်နေကြအတိုင်း လုပ်နေတာ။ ဒီမှာ ကိုယ့်လူတို့ တစ်ခါတစ်လေကျတော့ တစ်ချို့ အရာတွေက လွှတ်ပေးထားသင့်ရင် လွှတ်ပေးရမယ် “ ဆိုပြီး ပြောခဲ့ပါတယ်။

ဒီဗီဒီယိုကိုတော့ ဖာဒီနန်ကသူ့ရဲ့ တွစ်တာမှာ တင်ထားခဲ့ပြီး ယူနိုက်တက်အတွက် ဆိုးရွားတဲ့နေ့တစ်နေ့ပဲ ဆိုပြီး ဒုတိယအကြိမ် တင်ခဲ့ပါသေးတယ်။ 

ပွဲချိန် ဒုတိယပိုင်းမှာလည်း ပွဲကြည့်စင်ပေါ်မှာ ရှိနေတဲ့ ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝါ့ဒ်က ယူနိုက်တက်ခံစစ်မှူး ဖီးလ်ဂျုံးကို “ ပါးစပ်ပိတ်ထား “ ဆိုပြီး ပြောလိုက်တာကို ကင်မရာတွေက အမိအရ ရိုက်မိခဲ့ပါသေးတယ်။

ဒီပွဲက ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေတွေကို ပြန်လည် သုံးသပ်ဖို့လိုပြီဖြစ်ပြီး နည်းပြဆိုးလ်ရှားကို အချိန်ထပ်ပေးရမှာလား ဒါမှမဟုတ် ထုတ်ပယ်ဖို့ အချိန်တန်ပြီလား ?

#မနျခကျြစတာယူနိုကျတကျ #ဝက်စ်ဟမ်း #ဆိုးလ်ရှား