ရှေ့သို့
Image

ပွဲကစားနေချိန် ကွင်းထဲမှာ ဓားနဲ့ အပစ်ခံခဲ့ရတဲ့ ကိုလံဘီယာ ကစားသမား

9:40 AM, 23 September

စနေနေ့က ကိုလံဘီယာလိဂ်ပွဲစဉ်အဖြစ် မီလာနော့စ်အသင်းက မီဒယ်လင်အသင်းကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ပရိသတ်တစ်ဦးက ကွင်းထဲမှာရှိနေပြီး  အောင်ပွဲခံနေတဲ့ ဒေးဗစ် မာကာလစ္စတာကို ဓားဖြင့် ပစ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ပေါက်ခဲ့တဲ့ ဓားကိုတော့ ၃၂ နှစ်အရွယ် ကစားသမားက ကောက်ယူခဲ့ပြီး ကွင်းလယ်ဒိုင် ကားလို့စါ အိုတီဂါကို ပေးခဲ့ပြီးနောက် အိုတီဂါက ကွင်းဘေးမှာ ရှိနေတဲ့ စတုတ္ထဒိုင်ကို ချက်ချင်းပေးခဲ့ပါတယ်။

ယခုလို အဖြစ်အပျက်မျိုး ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ယမန်နှစ်က ဂရိလိဂ်ပွဲစဉ်အဖြစ် PAOK အသင်းနဲ့ AEK အေသင်တို့ပွဲစဉ်မှာ PAOK အသင်းပိုင်ရှင် အိုင်ဗန် ဆက်ဗီဒစ်ဟာ သွင်းဂိုးတစ်ဂိုးကို ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်အပေါ် သေနတ်ကိုင်ကာ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

#ကိုလံဘီယာ #AEK အေသင်