ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ အလှပဆုံး သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အာနိုးလ်

8:58 AM, 23 September

လီဗာပူးညာနောက်ခံလူ အာနိုးလ်ဟာ ယမန်နေ့ညက ချဲလ်ဆီးအသင်းနဲ့ ပွဲကြီးပွဲကောင်းပွဲစဉ်မှာ အလှပဆုံးဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဘီးကုပ်ထိပ်နားလောက်မှာ ဖရီးကစ်ရခဲ့တာ ဖြစ်ပြီး အဆိုပါ ဖရီးကစ်ကို ဆာလက်က အာနိုးကို ချပေးခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ချပေးတဲ့ ဘောလုံးကို အာနိုးလ်က ဂိုးသမား ကီပါကို ကျော်ဖြတ်ကာ အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာနောက်ပိုင်း အာနိုးလ်ရဲ့ ပထမဆုံးဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဘက်ကလည်း ဂိုးသွင်းဖို့ အခွင့်အရေးတွေရခဲ့ပြီး အေဘရာဟမ်က အက်ဒရီယန်ရဲ့ တည့်တည့်ကို ကန်သွင်းမိခဲ့သလို နောက်တစ်ဂိုးကလည်း VAR ကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်။ အက်ဇ်ပီလီကျူတာကတော့ အသင်းအတွက် ချေပဂိုး ရရှိခဲ့ပြီလို့တောင် ထင်မှတ်ခဲ့ပေမဲ့ VAR ပြန်ကြည့်ပြီးချိန်မှာတော့ မေဆင်မောင့် လူကျွံနေခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ဂိုးကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

အဆိုပါ ဂိုးကို ငြင်းပယ်ခံရပြီး သိပ်မကြာခင်မှာပဲ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဖာမီနိုက ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဘက်က အီမာဆင်နဲ့ ခရစ္စတီယန်ဆန်တို့ ဒဏ်ရာအသီးသီး ရရှိခဲ့လို့လည်း အသင်းအတွက် နစ်နာခဲ့ရပါတယ်။ 

ဒါကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၁၀၀% နိုင်ပွဲကို ဆက်ထိန်းနိုင်ခဲ့ပြီး ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်လျက် ရှိနေပါတယ်။

#လီဗာပူး #အာနိုး