ရှေ့သို့
Image

ချဲလ်ဆီးအသင်းရဲ့ VAR ကံကြမ္မာနှင့် ပတ်သတ်ပြီး ညည်းညူလိုက်သော်လည်း ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်လို့ ၀န်ခံလိုက်တဲ့ လမ်းပတ်

8:40 AM, 23 September

ဒါက ခံရခက်တဲ့ ခံစားမှုဆိုတာက ရှင်းနေတာပါလို့ ပွဲအပြီးတွင် စကိုင်းစပေါ့ထ်သို့ ပြောခဲ့ပါတယ်။

'' ကျွန်တော့်အသင်းဟာ နှစ်ကြိမ်လောက် အခွင့်အရေး ရရှိသင့်တယ်လို့လည်း ထင်မိပါတယ် '' 

'' စူပါဖလားပွဲတွင်လည်း ဖြစ်ခဲ့ပြီးတော့ အဲ့ဒီပွဲတွင် ကျွန်တော်တို့က အနိုင်ရရှိဖို့ဖြစ်နိုင်ခဲ့ပြီး အခုလည်း 

နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့ပါပြီ ''

'' မေဆင်ရဲ့ နည်းနည်းလေး လူကျွံသွားတာကို တွေ့နိုင်ပါတယ်၊ အဲ့ဒါက အားလုံးထက်ကို ပိုပြီး စိတ်ပျက်ရပါတယ်''

'' အခုအချိန်မှာ ကျွန်တော်တို့က မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ရှာဖွေခဲ့ရင်တောင် အောင်ပွဲခံမှုတွေအတွက် ၀မ်းနည်းဖို့ကောင်းပါတယ် ''

'' ကွင်းထဲမှာရှိတဲ့ ပရိတ်သတ်တွေက သေချာပေါက်ကို ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့က အနည်းငယ်သာ  လျော့ခဲ့ပြီး သူတို့က အဲ့ဒါကို အမြတ်ထုတ်သွားတာပါ။ ကျွန်တော်တို့ဟာ ဂိုးသွင်းယူပြီး ဒီပွဲကို အနိုင်ရရှိဖို့ အတွက် ထိုက်တန်ခဲ့တယ်လို့လည်း ထင်မိပါတယ် ''

အမှန်တကယ်တော့ ချဲလ်ဆီးနည်းပြဟာ ဒီနေရာမှာတင် ရပ်တန့်သွားမှာ မဟုတ်ပါဘူး၊ မေဆင်မောင့်ဟာ တကယ့်ကို လူကျွံနေခဲ့တာဖြစ်တဲ့အတွက် နစ်နာခဲ့ရပြီး သူ့ရဲ့အသင်းဟာ မိနစ် ၉၀ လုံး အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်လို့ လမ်းပတ်က ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့လက်အောက်တွင် ပထမဆုံး အိမ်ကွင်းနိုင်ပွဲကို စောင့်နေရတုန်း ဖြစ်သော်လည်း အိမ်ကွင်း ပရိတ်သတ်တွေရဲ့ ရှေ့မှောက်တွင် အသင်းရဲ့ကစားပုံနှင့် ပတ်သတ်ပြီး ချဲလ်ဆီးနည်းပြက ကျေနပ်နေတာ ဖြစ်ပါတယ်။

'' ကျွန်တော်တို့ဟာ အရှုံးနှင့် မထိုက်တန်ဘဲ၊ အနိုင်တောင် ရရှိသွားနိုင်ပါတယ် '' လို့ သူက ထပ်လောင်း ပြောကြားလိုက်ပါတယ်။

'' ဖရီးကစ်ဟာ ကောင်းမွန်တဲ့သွင်းဂိုး ဖြစ်ခဲ့သော်လည်း ဒုတိယသွင်းဂိုးကတော့ ဂိုးဧရိယာအတွင်းမှာ ဖာမီနိုဟာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ဖို့အတွက် အခွင့်အရေး မရရှိခဲ့သင့်ပါဘူး ''

'' ခြေစွမ်းပိုင်းမှာတော့ ကျွန်တော်တို့အသင်းက ကောင်းမွန်တဲ့အသင်းပါ။ ဒုတိယပိုင်းတွင် ကြိုးစားကစားခဲ့ပြီး 

ဖိအားပေးဖို့အတွက် လုပ်ဆောင်နိုင်ခဲ့ပါတယ် '' လို့ လမ်းပတ်က ပြောပါတယ်။

#မေဆင်မောင့်