ရှေ့သို့
Image

လက်စတာအသင်းကိုရှုံးနိမ့်ပြီးနောက် VAR ကိုအပြစ်မဆိုခဲ့တဲ့ ပိုချက်တီနို

11:34 PM, 21 September

စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ လက်စတာအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်အပြီးမှာ VAR ကိုအပြစ်မဆိုလိုကြောင်း ပြောကြားခဲ့ပါတယ်။


အဆိုပါပွဲစဉ်မှာတော့ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီိကိန်းရဲ့သွင်းဂိုးနဲ့ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာ ညာနောက်ခံကစားသမား အော်ရီယာရဲ့ကန်ချက်ဂိုးဝင်ခဲ့ပေမယ့် ဆွန်ဟောင်မင်လူကျွံအနေအထားရောက်နေခဲ့တာကြောင့် သွင်းဂိုးကိုခွင့်မပြုခဲ့တာဖြစ်ပါတယ်။


အဲ့နောက်မှာတော့ လက်စတာအသင်းညာနောက်ခံလူ ပါရဲရားက ချေပဂိုးသွင်းယူခဲ့ပြီး ကွင်းလယ်ကစားသမား မက်ဒီဆင်က အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။


“ကျွန်တော် ကွင်းလယ်ဒိုင်နဲ့ VAR ကိုယုံပါတယ်။  အဲ့ကိစ္စကိုစောဒဂမတက်လိုပါဘူး။ဘောလုံးမှာက တစ်ခါတစ်လေမှာ ထင်မှတ်ထားသလိုဖြစ်မလာတတ်တာ သဘာဝပါ။ ဒါကိုကျွန်တော်တို့လက်ခံရမှာပါ”လို့ ပိုချက်တီနိုကပြောပါတယ်။


စပါးအသင်းနဲ့လက်စတာအသင်းတို့ပွဲစဉ်မှာတော့ VAR က ၂ ကြိမ်တိုင် သွင်းဂိုးခွင့်မပြုခဲ့ပဲ  လက်စတာအသင်းရဲ့ပထမဂိုးကိုလည်း ခွင့်မပြုခဲ့သလို စပါးအသင်းရဲ့ဂိုးကိုလည်း ခွင့်မပြုခဲ့တာဖြစ်ပါတယ်။


“VAR က မျှမျှတတပါပဲ။ ဒီကိစ္စက စောဒဂတက်ဖို့မလိုပါဘူး။ အဓိကပြင်ရမှာက ကျွန်တော်တို့ကစားပုံကိုပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံက ပထမပိုင်းလောက်မကောင်းတော့ပါဘူး။


ချေပဂိုးရပြီးနောက်ပိုင်းမှာ လက်စတာက ကစားပုံပိုကောင်းလာပါတယ်။ သူတို့က အနိုင်ရလဒ်နဲ့ထိုက်တန်ပါတယ်။”လို့ ပိုချက်တီနိုကပြောပါတယ်။
လက်စတာအသင်းကတော့ လက်ရှိနိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၃နေရာအထိကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။

#စပါး #ပိုချက်တီနို