ရှေ့သို့
Image

ဂျူဗင်တပ်စ်မှာ ဒီလစ်ခ်ျ အောင်မြင်မယ်လို့ ထောက်ခံပြောဆိုလိုက်တဲ့ ကာပယ်လို

4:12 PM, 21 September

ဒီလစ်ခ်ျဟာ ဂျူဗင်တပ်အသင်းတွင် ခြေစွမ်းမပြနိုင်ခြင်းရုန်းထွက်နိုင်ပြီး ခြေစွမ်းပြနိုင်မယ်လို့ ကာပယ်လို က ထောက်ခံပြောဆိုလိုက်ပါတယ်။

သူဟာ အေဂျက်စ်အသင်းကနေ ဂျူဗင်တပ်အသင်းသို့ ယူရို ၇၅ သန်းဖြင့် ဇူလိုင်လက ပြောင်းရွေ့လာခဲ့တာဖြစ်ပါ တယ်။

ပါးမားနှင့်အဖွင့်ပွဲစဉ်တုန်းက ၀င်ရောက်မကစားခဲ့ရတဲ့ အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ပြီး နယ်သာလန်နိုင်ငံ သားဟာ နာပိုလီအသင်းအား ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲ၊ ဖီအိုရင်တီးနားနှင့် ဂိုးမရှိကျခဲ့တဲ့ပွဲ၊ အေတီကိုအသင်း နှင့် ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်များမှာတော့ အသင်းအတွက် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
ခြေစွမ်းမပြနိုင်ခဲ့ခြင်းကြောင့် ဒီလစ်ဟာ ဝေဖန်ခြင်းကိုခံနေရသော်လည်း ဒတ်ခ်ျလူငယ်ကစားသမားဟာ သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြန်လည်ရရှိတော့မှာပါလို့ ကာပယ်လိုက ပြောဆိုလိုက်တာပါ။

'' သူဟာ အသက်ငယ်ရွယ်သေးတာဖြစ်ပြီး ပတ်ဝန်းကျင်အသစ်မှာ ယုံကြည်မှုရရှိဖို့အတွက် အချိန်ပေးသင့်ပါ တယ် '' လို့ ကာပယ်လိုက တက်တိုစပေါ့ထ်ကိုပြောပါတယ်။ '' သူ့ရဲ့အရည်အချင်းတွေဟာ ငြင်းခုံပြောဆိုဖို့ အတွက်မဟုတ်ပါဘူး။ သူဟာ ကောင်းမွန်တဲ့ ခံစစ်မှုးတစ်ယောက်ပါ ''
ဖီအိုရင်တီးနားနှင့် ဂိုးသမရှိသရေကျခဲ့တဲ့ပွဲတွင် ဂျူဗင်တပ်အသင်းရဲ့ ကစားပုံဟာ အချိန်အဆက်မမိခဲ့တာဖြစ်  သော်လည်း အေတီကိုအသင်းနှင့်ပွဲစဉ်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ကာ ကော်ဒရာဒိုနှင့် မာတူဒီတို့က ဦးဆောင်းဂိုး များကို သွင်းယူနိုင်ခဲ့ပါတယ်။

အေတီကိုအသင်းဟာ ချိတ်ဆက်ပေးပို့မှုများကနေတဆင့် ၂ ဂိုးပြန်လည်ရရှိခဲ့ကာ ရမှတ် ၁ မှတ်ရရှိခဲ့ပါတယ်။ သို့  သော်လည်း သူ့ရဲ့အသင်းဟောင်းဟာ ဒီရာသီရဲ့ချန်ပီယံလိဂ်တွင် အသင်းအားလုံးကို အနိုင်ယူနိုင်တယ်ဆိုတဲ့ စိတ် ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်လို့ ကာပယ်လိုက ယုံကြည်နေပါတယ်။
ခက်ခက်ခဲခဲကစားခဲ့ရတဲ့ ၀န်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးမှာတောင် အသင်းက ပုံစံကောင်းတွေကို ပြသနိုင်ခဲ့ တာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။

ဖီအိုရင်တီးနားနှင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့ကာ ကစားပုံမကောင်းခဲ့သော်လည်း အေတီတီကိုအသင်းနှင့်ပွဲမှာ တော့ ခြေ စွမ်းပြနိုင်ခဲ့ပါတယ်။

အေတီကိုအသင်းနှင့် ကစားခဲ့တဲ့ပွဲကလို ခြေစွမ်းမျိုးနှင့်သာ ပွဲတိုင်းကို ကစားခဲ့ပါက ဖိုင်နယ်အထိရောက်ရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

#ဒီလစ်ဂ်ျ