ရှေ့သို့
Image

ပရီးမီးယားလိဂ် ပွဲစဉ် (၆)စနေည ပွဲစဉ်တွေအတွက် စကိုင်းစပေါ့ ဘောလုံးရေးရာ သုံးသပ်သူ ချာလီ နီကိုးလက်စ်ရဲ့ ခန့်မှန်းချက်များ

2:58 PM, 21 September

လက်စတာ - စပါး (စနေည ၆း၀၀)
---------------------------
လက်စတာကတေ့ ပြီးခဲ့တဲ့ ပွဲစဉ် ယူနိုက်တက်ထံကနေ တစ်ခုခု ရယူခဲ့သင့်ပေမဲ့ ရှုံးခဲ့ပါတယ်။ လက်စတာက ထိပ်သီး၆သင်းကို ထိုဖောက်နိုင်မယ်လို့ လူတွေက ပြောကြတယ်။ အဲ့ဒါကဘယ်တော့ ဖြစ်လာမှာတုန်း? မက်ဒီဆင်၊ ဟာဗေးဘန်းစ်တို့ကို ပြောနေကြပေမယ့် ဘယ်အချိန် အဲ့ဒီကစားသမားတွေဆီကနေ တည်ငြိမ်တဲ့ ခြေစွမ်းရရှိမှာလဲ? သူတို့ အဲ့ဒီလို မထိန်းချုပ်နိုင်သေးဘူးဆိုရင်တော့ ထိပ်သီး ၆သင်းကိုထိုးဖောက်ဖို့ အရည်အချင်း မလုံလောက်သေးပါဘူး။

ဘန်းစ်ကို ဒီထက် ယုံကြည်မှုပေးပြီး ကစားခွင့်ပေးသင့်ပါပြီ။ ဗာဒီကတော့ လျင်မြန်မှုတွေနဲ့ ဂိုးတွေ သွင်းယူနေဆဲပါပဲ။ နောက်တန်းနဲ့ အလယ်တန်းကကော လုံလောက်တဲ့ အရည်အသွေးမျိုး ရှိနေလား? ချောင်ဘူရီနဲ့ အန်ဒီဒီတို့ဟာ ငယ်ရွယ်ပြီး ကေင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ အရမ်းကြီးအတွဲမိနေတယ်လို့တော့ မထင်ပါဘူး။ ဗာဒီမပြေးခင်မှာ ဘောလုံးပေးလိုက်တာမျိုးေါ့

စပါးကတော့ ပဲလေ့စ်နဲပွဲအပြီးမှာ ခြေပြန်မှန်လာပါပြီ။ အဲရစ်ဆင်ကတော့ private chat မှာ စကားတွေ ပြောနေပေမဲ့ အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ ဒန်နီရို့စ်ကလည်း ပျော်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။

ကျွန်တော်ကတော့ လက်စတာ နိုင်ပွဲပြန်တွေ့မယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ဘောလုံးကို ထိန်းသိမ်းပြီး အပေးအယူတွေနဲ့ ကစားကာ စပါးကို အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ ဘန်းစ်က တိုးတက်ဖို့လိုနေပေမဲ့ အခွင့်အရေးပေးဖို့လည်း လိုနေပါသေးတယ်။ ဒီပွဲက ဘန်းစ်ရဲ့ ပွဲလို့ ကျွန်တော်ထင်ပါတယ်။

နီကိုလက်စ်ရဲ့ ခန့်မှန်းချက် - လက်စတာ ၂ - ၁ စပါး

ဘန်လေ - နောဝစ်ခ်ျ (စနေည ၈း၃၀)
----------------------
နောဝစ်ခ်ျအသင်းကတော့ စောင့်ကြည့်ရမယ့်အသင်းဖြစ်ပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်ပါတယ်။ နည်းပြ ဖာကီရဲ့ အတွေးအခေါ် နည်းစနစ်တွေကို ဒဏ်ရာပြဿနာတွေကလည်း တားဆီးနိုင်မယ် မထင်ပါဘူး။ ပက်ကီနဲ့ ကန့်ဝဲလ်တို့က တိုက်စစ်အတွဲမဟုတ်ပေမဲ့ တော်တော်လေးကို အချိတ်အဆက်မိနေပါတယ်။ အဲ့ဒါက သူတို့၂ဦးအတွက် တန်ပြန်တိုက်စစ်စတဲ့နေရာမှာ အကောင်းဆုံး အထောက်အကူကို ဖြစ်စေပါတယ်။ အဝေးကွင်းမှာ ကစားရတာကတော့ ပြဿနာတွေ ရှိလာမယ်လို့ ထင်ပါတယ်။ သူတို့ တိုက်စစ် ကစားချင်တိုင်း ကစားလို့ မရပါဘူး။

အက်ရှ်လေဘန်းစ်က ဘန်လေအတွက် ဂိုးတွေ သွင်းပေးနေပြီး ခရစ်ဝုဒ်လည်း ပွဲထွက်လာဖို့ ရှိနေပါတယ်။ သူတို့မှာ တောင့်တင်းတဲ့ ခံစစ်ရှိပြီးသားပါ။ ဒီပွဲက ဘန်လေပဲ သက်သောင့်သက်သာ အနိုင်ရသွာမယ့်ပွဲလို့ ကျွန်တော်ထင်ပါတယ်။

နီကိုးလက်စ်ရဲ့ ခန့်မှန်းချက် - ဘန်လေ ၂ - ၀ စပါး

အဲဗာတန် - ရှက်ဖီးယူနိုက်တက် (စနေည ၈း၃၀)
---------------------------
ကျွန်တော် အဲဗာတန်ရဲ့ ခြေစွမ်းကို ကျေနပ်ခြင်း မရှိပါဘူး။ မာကိုဆေးလ်ဗား ထွက်ရဖို့ ရလဒ်ဆိုးရွားတဲ့ ၂ပွဲပဲ လိုပါတော့တယ်။ ဆေးလ်ဗားကို နွေရာသီက လူတွေ ၀ယ်ပေးထားပါတယ်။ ဒါပေမဲ့ သူဘာလုပ်ချင်မှန်း ကျွန်တော် မသိပါဘူး။ ဒီလိုရလဒ်တွေ ထွက်လာတာ သူ့ကြောင့်ပါပဲ။ မွိုက်စ်ကိန်းနဲ့ ကစားမလား၊ ကလာဗက်လီဝိန်နဲ့ ကစားမလား။ ကလာဗက်ကတော့ ဂိုးရယူပေးမှာ မဟုတ်ပါဘူး။ သူက ဂိုးတွေ လိုနေတာပါ။

ရစ်ချာလီဆင်က ဂိုးတွေအတွက် တာဝန်ကျေနေပါတယ်။ ကျွန်တော်ကတော့ ကိန်း၊ ရစ်ချာလီဆင်၊ ဆီဂတ်ဆန်နဲ့ ကလာဗက်လီဝန်တို့ကို တစ်ပြိုင်တည်း သုံးစေချင်ပါတယ်။ သူုတို့ ၄ယောက်မှာ မတူညီတဲ့ ပုံစံတွေနဲ့ ဖန်တီးမှုတွေ ရှိနေပါတယ်။ ရာသီအစမှာ ခံစစ်က ကောင်းမွန်ခဲ့ပေမဲ့ နောက်ပိုင်းပွဲတွေမှာ သာမာန်သာ ရှိပါတယ်။

အပေါ်မှာ ပြောခဲ့သလို ထိပ်သီး၆သင်းထဲကို ၀င်ရောက်နိုင်ဖို့ ကျွန်တော်ကတော့ အဲဗာတန်ကို မသတ်မှတ်ပဲ လက်စတာနဲ့ ၀ုဗ်ကိုပဲ အမှတ်ပေးချင်ပါတယ်။ ရှက်ဖီးအသင်းကလည်း ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲပါပဲ။ ဒီပွဲမှာ ဂိုးတွေအများကြီး မြင်တွေ့ရဖို့မရှိပဲ အဲဗာတန်က ကပ်နိုင်သွားလိမ့်မယ်လို့ ထင်မိပါတယ်။

နီကိုးလက်စ်ရဲ့ ခန့်မှန်းချက် - အဲဗာတန် ၁ - ၀ ရှက်ဖီးယူနိုက်တက်

မန်စီးတီး - ၀က်ဖို့ဒ် (စနေည ၈း၃၀)
----------------------
အခုအချိန်မှာတော့ မန်စီးတီနောက်တန်းက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဖာနန်ဒင်ဟိုက အဆိုပါ နေရာမှာ သက်တောင့်သက်သာ ကစားနိုင်သလို လိုအပ်ရင် ရိုဒရီလည်း ကစားနိုင်ပါတယ်။ ဝေါ်လ်ကာကလည်း အင်္ဂလန် ၃ယောက်တန်း နောက်တန်းမှာ ကစားလာတာဆိုတော့ ဂွါဒီယိုလာအနေနဲ့ အဲ့ဒီအချက်ကို မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ တစ်ခါတစ်လေ အော်တာမန်ဒီရဲ့ နေရာမှာ ဝေါ်လ်ကာကို ကစားစေချင်ပါတယ်။ 

ဝက်ဖို့ဒ်ကတော့ ရလဒ်ဆိုးရွားနေမှုကို အာဆင်နယ်နဲ့ ပွဲစဉ်မှာ ချေဖျက်ပြခဲ့ပြီး အမှားတွေကနေ ရှုံးထွက်နိုင်ခဲ့ပါတယ်။ မန်စီးတီးက ပြီးခဲ့တဲ့အပတ်က ရှုံးပွဲကြောင့် ဒီပွဲကို ပေါက်ကွဲလာမှာဖြစ်ပြီး ပွဲကျပ်နေတဲ့ လီဗာပူးနဲ့ အမှတ်ကွာဟမှု လျော့ချဖို့အတွက် အနိုင်ကစားသွားမှာ ဖြစ်ပါတယ်။

နီကိုးလက်စ်ရဲ့ ခန့်မှန်းချက် - မန်စီးတီး ၁ - ၀ ၀က်ဖို့ဒ်

နယူးကာဆယ် - ဘရိုက်တန် (စနေည ၁၁း၀၀)
---------------------
ဒီပွဲကတော့ ပွဲကောင်းတစ်ပွဲမဟုတ်ပေမဲ့ ဘယ်လို ကစားကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ စတိဗ်ဘရုစ်က ကောင်းမွန်တဲ့ အရည်အသွေးတွေကို ပြသနေပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို တစ်ဖြည်းလျော့ချနေပါတယ်။

ဒီပွဲက အသင်းသားတွေအတွက်တော့ နိုင်ပွဲတစ်ပွဲကို ရှာဖွေပြရမယ့် ပွဲတစ်ပွဲဖြစ်လို့ နေပါတယ်။ ဂျိုးလင်တန်လည်း ဂိုးရနိုင်သလို ပွဲတိုင်းခြေစွမ်းပြနေတဲ့ အယ်လ်မီရွန်ကလည်း သူ့အတွက် ဂိုးတွေ သွင်းနိုင်ဖို့ အခြေအနေကောင်းပါပဲ။

ဘရိုက်တန်ကတော့ ရာသီအစမှာ ရလဒ်တွေ တောက်လျောက် ကောင်းနေပေမဲ့ နောက်ပိုင်းမှာ ဘာဖြစ်သွားလဲမသိပါဘူး။ သူတို့ရဲ့ နောက်တန်း၃ယောက်က နယူးကာဆယ်ကို ဂိုးတွေအများကြီး ပေးရမှာ သေချာပါတယ်။

နီကိုးလက်စ်ရဲ့ ခန့်မှန်းချက် - နယူးကာဆယ် ၃ - ၁ ဘရိုက်တန်

#မန်စီးတီး #အယ်ဒီတာအကြိုက် #ခ်ာလီ နီကိုးလပ္စ္