ရှေ့သို့
Image

အသင်းကထွက်ခွာသွားတဲ့ ဟာဇက်ရဲ့ နေရာကို အေဘရာဟမ် အစားထိုးနိုင်မယ်လို့ ၀ီလီယံယုံကြည်နေ

9:05 AM, 21 September

ချဲလ်ဆီးတောင်ပံကစားသမား ၀ီလီယံက အသင်းက ထွက်ခွာသွားခဲ့တဲ့ အဓိက ကစားသမား ဟာဇက်ရဲ့ နေရာကို အေဘရာဟမ်က အစားထိုးနိုင်မယ်လို့ ထောက်ခံ ပြောကြားလိုက်ပါတယ်။ ဟာဖက်ဟာ ယမန်နှစ်က သွင်းဂိုး ၂၁ဂိုးအထိ သွင်းယူနိုင်ခြဲု့ပီး နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့အခြေအနေမှာ အဓိက ကစားသမားတစ်ယောက် ထွက်ခွာသွားတာကြောင့် ဟာဇက်ရဲ့ နေရာကို ဘယ်သူ တာဝန်ယူမလဲလို့ မေးခွန်းထုတ်မှုတွေ ရှိနေပေမဲ့ ၀ီလီယံကတော့ အဆိုပါ တာဝန်ကို ယူမယ့်ကစားသမားတွေ အသင်းမှာ အများအပြားရှိနေပြီး အေဘရာဟမ်လည်း ပါဝင်တယ်လို့ ယုံကြည်နေပါတယ်။

၂၁နှစ်အရွယ် တိုက်စစ်မှူးဟာ နည်းပြ လမ်းပတ်လက်ထက်မှာ အကောင်းဆုံး ခြေစွမ်းတွေနဲ ၅ပွဲကစားပြီးချိန်မှာ ၇ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အင်္ဂလန်အသင်းရဲ့ ပထမဆုံးခေါ်ယူမှုကိုလည်း ခံခဲ့ရပါတယ်။

ဝီလီယံက"ဟာဇက်ထွက်ခွာသွားတာက ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ကျွန်တော်ထင်ပါတယ်။ အီဒင်က ပွဲအဖြေတွေကို ပြောင်းလဲနိုင်တဲ့ ကစားသမားဖြစ်ပေမဲ့ အသင်းမှာ အဲ့လို အပြောင်းအလဲလုပ်နိုင်တဲ့ ကစားသမားတွေ ရှိနေပါသေးတယ်။ အေဘရာဟမ်က အခုအချိန်မှာ အကောင်းဆုံးပုံစံ ရှိနေပါတယ်။ သူ ဂိုးတွေအများကြီးသွင်းထားပြီး အဲ့ဒီအတွက် ကျွန်တော် ၀မ်းသာနေပါတယ်။ လူငယ်ကစားသမားတွေလည်း အကောင်းဆုံးလုပ်နေပါတယ်။ သူတို့ အများကြီး တိုးတက်နိုင်ပါသေးတယ်။ ချဲလ်ဆီးက ချဲလ်ဆီးပါပဲ။ ဘယ်ကစားသမားတွေပဲရှိရှိ ပြိုင်ပွဲတွေကို အဆုံးအထိ တိုက်ပွဲဝင်ရမှာပါပဲ။ ဒီနှစ်မှာ ကျွန်တော်တို့ အဲ့လိုပဲ လုပ်သွားမှာပါ"လို့ ပြောကြားသွားခဲ့ပါတယ်။


#၀ီလျံ #အေဘရာဟမ်