ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ မေဆင်မောင့် ပါဝင်လာဖို့ အခွင့်အရေးရှိကြောင်း လမ်းပတ်အရိတ်အမြွတ်ဆို

10:20 PM, 20 September

ချဲလ်ဆီးနည်းပြ လမ်းပတ်က တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးနဲ့ ပွဲစဉ်မှာ အဓိက ကွင်းလယ်လူ မေဆင်မောင့် ပါဝင်လာနိုင်ဖို အခွင့်အရေးရှိနေတယ်လို့ ပြောခဲ့ပါတယ်။ မေဆင်မောင့်ဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ ဗလန်စီယာအသင်းနဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လမ်းပတ်ကတော့ မေဆင်မောင့်ရဲ့ ဒဏ်ရာအခြေအနေဟာ အကောင်းဘက်မှာ ရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။

လမ်းပတ်က "သူ့မှာ အခွင့်အရေး ရှိနေပါတယ်။ သူ့ကို ဖြတ်ထုတ်လိုက်တာ ဘယ်လောက်ကြမ်းတယ်ဆိုတာ ကျွန်တော်တို့ အားလုံးမြင်တွေ့ခဲ့ရပါတယ်၊ ပွဲမစခင် ကျွန်တော်တို့ သူ့အခြေအနေကို စောင့်ကြည့်သွားမှာါ။ ကန်တီကလည်း အသင်းရဲ့ အရေးကြီး ကစားသမားတစ်ယောက်ပါ။ မေးခွန်းကတော့ သူဘယ်လောက်အထိ ကြံ့ခိုင်မှု ပြည့်ပြီလဲဆိုတာပါပဲ။ သူတို့ကို စောင့်ကြည့်ရမှာ ဖြစ်ပေမဲ့ သူပြန်လာရင်တော့ အကောင်းဆုံး ဖြစ်မှာပါပဲ"လို့ ပြောသွားခဲ့ပါတယ်။


#မေဆင်မောင့်