ရှေ့သို့
Image

အေဘရာဟမ်နဲ့ မေဆင်မောင့်တို့ကို ပေါင်သန်း ၆၀တန်ကစားတွေအဖြစ် သတ်မှတ်ချီးကျူးသွားတဲ့ ကလော့ပ်

9:13 PM, 20 September

လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က လမ်းပတ်ရဲ့ ငယ်ရွယ်တဲ့ ချဲလ်ဆီးအသင်းကို သူ့ရဲ့ ဒေါ့မွန်အသင်းရဲ့ ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ၂၀၁၁၊ ၂၀၁၂ခုနှစ်တို့မှာ ဂျာမန်ဖလား ၂ကြိမ်ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို အလဲထိုးနိုင်ခဲ့ပါတယ်။

လက်ရှိ ကလော့ပ်နည်းပြနေတဲ့ လီဗာပူးအသင်းက ချဲလ်ဆီးအသငိးကု တနင်္ဂနွေနေ့မှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဂျာမန်သားကတော့ အဆိုပါ ပွဲစဉ်ဟာ ခက်ခဲလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ကလော့ပ်က
 "သူတို့က တကယ်ကို စိတ်လှုပ်ရှားစရာ အသင်းတစ်သင်းပါပဲ။ သူတို့ရဲ့ ပုံစံက လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော်ရဲ့ ဒေါ့မွန်အသင်းကို သွားပြီး အမှတ်ရစေပါတယ်။ သူတို့က လူငယ်ကစားသမားတွေဖြစ်ပေမဲ့ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားလို့ ဒီနေရာကို ရောက်လာတာပါ။ ချဲလ်ဆီးက ပူလီဆစ်ကို နွေရာသီမှာ ခေါ်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးတော့ ကျွန်တော် မသိပါဘူး။ သန်း ၅၀လား ၆၀လား။ သူ့ဘေးက ကစားသမားတွေလည်း အဲ့လောက်ပြောင်းရွှေ့ကြေးတန်ပါတယ်"


"အေဘရာဟမ်က သန်း၆၀တန် ကစားသမားဖြစ်သလို မေဆင်မောင့်ကလည်း သန်း ၆၀ထက်တောင် ပိုတန်ပါဦးမယ်။ ဟတ်ဆန်-အိုဒွိုင်း ရှိတယ်။ ဂျော်ဂျင်ဟိုက လူငယ်အရွယ်ပဲ ရှိသေးပြီး ကန်တိကလည်း နောက်နှစ်၂၀လောက် ကစားနိုင်ဦးမယ့် ပုံစံပါပဲ။ ကိုဗာဆစ်၊ ဘာကလေတို့ရှိသလို ပက်ဒရို၊ ၀ီလီယံ၊ ဂျီးရော့ဒ်တို့လို ၀ါရင့်ကစားသမားတွေလည်း ရှိပါတယ်။ အေဘရာဟမ်က ချဲလ်ဆီး ဂိုးတွေကို ရှာဖွေနေစရာ မလိုပါဘူး။ နေရာမျိုးစုံကနေ သူရနေတာပါ။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့အပေါ် ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ သူတို့ ဖလားအားလုံးကို စိန်ခေါ်နိုင်စွမ်း ရှိနေပါတယ်။ အခုတော့ သူတို့အိမ်ကွင်းကနေ တစ်ခုခုရနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမှာပါ"လို့
ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #အေဘရာဟမ် #မေဆင်မောင့်