ရှေ့သို့
Image

ဘင်လာဒင်ဟာ မျိုးရိုးကောင်းတဲ့သူလို့ဆိုလိုက်တဲ့ ရှက်ဖီးလ်အသင်းပိုင်ရှင် အဗ္ဗဒူလာ

5:50 PM, 20 September

ရှက်ဖီးလ်ယူနိုက်တက်အသင်းပိုင်ရှင် အဗ္ဗဒူလာကတော့ ဘင်လာဒင်ဟာ မျိုးရိုးကောင်းတဲ့သူလို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆော်ဒီပိုင်ရှင် အဗ္ဗဒူလာကတော့ သူဟာ ကီဗင် မက်စ်ကေ့ နဲ့ပြဿနာဖြစ်တုန်းက ဘင်လာဒင်ရဲ့မိသားစုဆီကနေ ပိုက်ဆံချေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထို့အပြင် အဗ္ဗဒူလာကတော့ သူဟာအဆိုပါအချိန် ဘင်လာဒင်ရဲ့မိသားစုနဲ့ဆက်သွယ်ခဲ့တာကြောင့် လူတွေရဲ့စိတ်အနှောက်အယှက် ပေးမှုနဲ့လည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဘင်လာဒင်ရဲ့မိသားစုဟာ ၁၉၅၀ ခုနှစ်တုန်းက ဆော်ဒီမိသားစုနဲ့ချိတ်ဆက်မိခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက်မှာတော့ သူတို့မိသားစုဟာ အရှေ့အလယ်ပိုင်းရဲ့အချမ်းသာဆုံးမိသားစုတစ်စုဖြစ်လာခဲ့ပါတယ်။

သူတို့ဟာ ရှက်ဖီးလ်အသင်း ရှယ်ယာတွေကိုဝယ်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အဗ္ဗဒူလာက “လူတွေက ဘင်လာဒင်ဟာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့အချိန်မှာ ကျွန်တော်ကာကွယ်ပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

“သူတို့ဟာ တကယ်မျိုးရိုးကောင်းတဲ့သူတွေပါ။ ပြီးတော့ မိသားစုစိတ်ဓာတ်ရှိတဲ့သူတွေပါ။ သူတို့နဲ့အတူအလုပ် တွဲလုပ်ရတာကလည်း အလွန်ပျော်ဖို့ကောင်းပါတယ်”လို့ အဗ္ဗဒူလာက ပြောပါတယ်။ ဘင်လာဒင်ဟာ ၂၀၀၁ ခုနှစ်တုန်းက  အမေရိကားမှာ 9/11 အဖြစ်အပျက်ကိုဆင်နွှဲခဲ့ပြီး လူပေါင်း ၃ထောင်ကျော်ကိုသတ်ဖြတ်ခဲ့တာကြောင့် ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်သမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အဲ့နောက်မှာတော့ သူ့ကို ၂၀၁၁ ခုနှစ်မှာ အမေရိကန်ရေတပ်က လုပ်ကြံခဲ့ပြီး   လုပ်ကြံခံရချိန်မှာတော့ ဘင်လာဒင်ရဲ့အသက်က ၅၄ နှစ်ရှိနေပြီဖြစ်ကာ သူ့ရဲ့အလောင်းကိုတော့ ပင်လယ်ထဲမှာ မြုပ်နှံခဲ့ပါတယ်။

သူ့ရဲ့သားဖြစ်သူ ဟမ်ဇာတစ်ယောက်လည်း ပြီးခဲ့တဲ့လက အမေရိကန်ထိုးစစ်ဆင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ရေးအစီအစဉ်မှာ အသတ်ခံခဲ့ရပါတယ်။

#ရှက်ဖီးလ်ယူနိုက်တက် #အိုစမာဘင်လာဒင်