ရှေ့သို့
Image

အာဆင်နယ်မှာ တွဲကစားလို့ အကောင်းဆုံး ကစားသမားကို ထုတ်ဖော်လိုက်တဲ့ မွန်ရီရယ်

3:26 PM, 20 September

အာဆင်နယ်နောက်ခံလူဟောင်း နာချို မွန်ရီရယ်က အလက်ဆစ် ဆန်းချက်ဇ်ဟာ အသင်းဟောင်းမှာ တွဲကစားလို့ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။

မွန်ရီရယ်ဟာ အာဆင်နယ်အသင်းမှာ ၇နှစ် ခွဲကြာ ကစားခဲ့ပြီးနောက် ယခုနှစ်နွေရာသီမှာ ဆိုစီဒက်ကို ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

မွန်ရီရယ် ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဘီဘာအိုအသင်းနဲ့ ပွဲစဉ်မှာ စတင်ပွဲထွက်ကစားခဲ့ပြီး သွင်းဂိုးတစ်ဂိုးကိုလည်း ရယူပေးခဲ့ပါတယ်။

မွန်ရီရယ်ဟာ မြောက်လန်ဒန်အသင်းမှာ အမှတ်ရစရာတွေ ရှိခဲ့ပြီး ဆုဖလားတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လက်ရှိ အင်တာမီလန်မှာ ကစားနေတဲ့ ဆန်းချက်ဇ်ကတော့ အာဆင်နယ်အသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ခြေစွမ်းတွေကျဆင်းလာခဲ့ပေမဲ့ မွန်ရီရယ်ကတော့ အာဆင်နယ်မှာ ဆန်းချက်ဇ်နဲ့ တွဲကစားခဲ့ရတဲ့ အချိန်တွေက အကောင်းဆုံး အချိန်တွေဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

 မွန်ရီရယ်က "အာဆင်နယ်မှာ ကစားခွင့်ရခဲ့တဲ့အချိန်တွေက ဘ၀ရဲ့ အလှပဆုံး အချိန်တွေပါပဲ။ ကျွန်တော် အဲ့ဒီမှာ ၇နှစ်ကြာ ကစားခဲ့ပြီး ကစားသမား တော်တော်များများနဲ့ အကျီလဲလှယ်ခဲ့ပါတယ် အကောင်းဆုံး ကစားသမားကတော့ ဆန်းချက်ဇ်ပါပဲ။ သူက ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ"

"သူ လေ့ကျင့်နေတဲ့ ပုံစံကို တစ်မိနစ်လောက် ကြည့်ရင်ပဲ သူက ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာ သိနိုင်မှာပါ။ ကျွန်တော် ဆန်းချက်ဇ်၊ လာကာဇက်တီ၊ အူဘာမီယန်း၊ ကာဇိုလာ၊ ပီတာချက်တို့နဲ့ ကစားခွင့်ရခဲ့တာက ကစားသမားဘ၀ အကောင်းဆုံးအချိန်တွေပါပဲ" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး မွန်ရီရယ်က အာဆင်နယ်ကနေ မှန်ကန်ခဲ့အချိန်မှာ ထွက်ခွာလာခဲ့တာဖြစ်ပြီး နည်းပြ အမ်မရီနဲ့လည်း ဘာပြဿနာမှ မရှိဘူးလို့ ပြောပြသွားခဲ့ပါတယ်။

#မွန်ရီရယ်