ရှေ့သို့
Image

ပေါင်သန်း ၅၀ တန်နှစ်ရှည်စာချုပ်သစ်ကြောင့် ကမ္ဘာ့လစာအများဆုံး ဆယ်ကျော်သက် တစ်ဦးဖြစ်လာတဲ့ အိုဒွိုင်း

11:21 AM, 20 September

တစ်နှစ်ပေါင်သန်း ၅၀ တန်စာချုပ်သစ်ကိုချုပ်ဆိုပြီးတဲ့နောက် ချဲလ်ဆီးလူငယ်ကစားသမားဟတ်ဆန်အိုဒွိုင်းဟာ ကမ္ဘာ့လစာအများဆုံး ဆယ်ကျော်သက်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဇွန်လိုင်လ ၂၄ ရက်နေ့မှာ ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အိုဒွိုင်းကိုတစ်ပတ်ကိုပေါင် ၁၈၀၀၀၀ ကနေ ၂၀၀၀၀၀ အထိရရှိနိုင်မယ့်စာချုပ်သစ်ကို လက်မှတ်ထိုးခဲ့တာကြောင့် နောက် ၅ နှစ်အထိ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဆက်ရှိနေတော့မှာပဲ ဖြစ်ပါတယ်။

စာချုပ်သစ်ကြောင့် အိုဒွိုင်းဟာ ကမ္ဘာ့လစာအများဆုံး ဆယ်ကျော်သက်ကစားသမားတွေထဲကတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဖနောင့်ကြောအရွတ် ဒဏ်ရာကြောင့် ဧပြီလကတည်းက အနားယူနေခဲ့ရတဲ့ ဟတ်ဆန်အိုဒွိုင်းဟာ စီနီယာအသင်းမှာ ပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်။

အိုဒွိုင်းက "ရင်ခုန်စရာကောင်းပါတယ်။ အကြာကြီးစောင့်လိုက်ရတယ်ဆိုပေမယ့် အခုချိန်မှာတော့ အားလုံးပြီးဆုံးသွားပါပြီ။ တကယ်ပျော်မိတယ်။ ကျွန်တော့်အသက် ၈ နှစ်သားကတည်းက ချဲလ်ဆီးကစားသမားဖြစ်လာတာပါ။ ဒီအသင်းကကျွန်တော့် အတွက်မှန်ကန်တဲ့အသင်းလို့ထင်ပါတယ်။ ဆုဖလားတွေရနိုင်သမျှလိုချင်တယ်။ ပွဲတွေလည်းနိုင်နိုင်သမျှအနိုင်ယူချင်တယ်။  ဂိုးတွေလည်း သွင်းနိုင်သမျှသွင်းချင်ပါတယ်။ အသင်းအတွက်အကောင်းဆုံးရလဒ်တွေရရှိနိုင်အောင် ကြိုးစားကစားဖို့ လိုပါတယ်။ သဘောတူညီမှုရခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ် အခုတော့ အားလုံးကိုအရင်အတိုင်းပြန်ဖြစ်အောင် ကြိုးစားရတော့မယ်" လို့ပြောသွားခဲ့ပါတယ်။

အဆိုပါဆယ်ကျော်သက်လေးက ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားခဲ့ပေမယ့် ချဲလ်ဆီး အသင်းဘက်ကငြင်းပယ်ခဲ့ပါတယ်။ ဘိုင်ယန်ကလည်း အိုဒွိုင်းကို တစ်ပတ်ပေါင် ၂၀၀၀၀၀ နဲ့ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

စာချုပ်သစ်သာ မချုပ်နိုင်ခဲ့ရင် လူငယ်ပါရမီရှင်ကစားသမားကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရတော့မှာပါ။

ဒါပေမဲ့ ဇန်န၀ါရီကတည်းက ချဲလ်ဆီးအသင်းမှာအခြေအနေတွေပြောင်းလဲသွားခဲ့ပြီး အိုဒွိုင်းနဲ့အဆင်မပြေတဲ့ နည်းပြဆာရီ ထွက်ခွာသွားခဲ့ပြီးနောက် အသင်းရဲ့ဂန္တ၀င်ကစားသမားဖရန့်လမ်းပတ်က နည်းပြတာဝန်ယူကိုရယူသွားခဲ့ပါတယ်။

နည်းပြလမ်းပတ်ဟာ အကယ်ဒမီထွက်လူငယ်ကစားသမားလေးတွေကိုသာ ဦးစားပေးကစားနေပြီး ဒီရာသီမှာ မေဆင်မောင့် ၊ တမ်မီအေဘရာဟမ်နဲ့ ဖာကီယိုတိုမိုရီတို့ကတော့ ပုံမှန်နေရာတစ်ခုကိုရရှိထားခဲ့ကြပါတယ်။

ဒီနှစ်မှာ အသင်းကထွက်ခွာသွားတဲ့ အဓိက ကစားသမားအီဒင်ဟာဇတ်ရဲ့နေရာကို အိုဒွိုင်းက ဆက်ခံနိုင်လိမ့်မယ်လို့ ချဲလ်ဆီးအသင်းက ယူဆထားပါတယ်။

ချဲလ်ဆီးအသင်းဟာ အကယ်ဒမီကစားသမားတွေပဲဖြစ်ကြတဲ့ အေဘရာဟမ် ၊ တိုမိုရီ နဲ့ ရီဆီဂျိမ်းစ်တို့ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

#ဟက်ဆန် အိုဒွိုင်း