ရှေ့သို့
Image

ဆန်ချိုနဲ့ ဒီကလန်ရိုက်စ်တို့ကိုခေါ်ယူသင့်တယ်လို့ ဆိုးလ်ရှားကို တိုက်တွန်းလိုက်တဲ့ ဟားဂရေ့ဗ်

9:23 AM, 20 September

ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ဟားဂရေ့ဗ်ကတော့ နည်းပြ ဆိုးလ်ရှား အနေနဲ့ ဒီကလန် ရိုက်စ်နဲ့ ဆန်ချိုတို့အတွက် ပေါင် ၁၈၀ သန်းအသုံးပြုပြီး ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အဆိုပါကွင်းလယ်ကစားသမားဟောင်းကတော့ အက်စတာနာအသင်းကို ၁-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အခုလို တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကို စိန်ခေါ်ဖို့ဆိုရက် လူအင်အားဖြည့်တင်းဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ထိပ်တန်းပစ်မှတ်တစ်ခုဖြစ်ပေမယ့်လည်း တန်ကြေးအနည်းဆုံး ပေါင် ၁၀၀သန်းလောက်အထိကုန်ကျဖွယ်ရှိနေပါတယ်။

ထို့အပြင် ၀က်စ်ဟမ်းကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်ကလည်း ပေါင် ၆၀ သန်း လောက်အထိ ကုန်ကျဖွယ် ရှိနေတာဖြစ်ပါတယ်။

“ဆန်ချိုက ယူနိုက်တက်လိုအပ်နေတဲ့ကစားသမားပါ။ အခုဆိုယူနိုက်တက်က တိုက်စစ်ပိုင်းအားနည်းနေတာကိုမြင်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်ဖို့ဆိုရင် ထိပ်တန်းအဆင့်ရှိတဲ့ကစားသမားလိုကိုလိုပါတယ်”လို့ ဟားဂရေ့ဗ်က ဘီတီစပေါ့ကိုပြောပါတယ်။

“ကွင်းလယ်ပိုင်းမှာလည်း အားဖြည့်ဖို့လိုပါတယ်။ ဒီကလန် ရိုက်စ်လိုကစားသမားမျိုးပေါ့။ သူဟာ ငယ်ရွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ ကစားသမားပါ။ ဆန်ချိုနည်းတူကောင်းတဲ့ကစားသမားတစ်ဦးပါ။ သူတို့ ၂ဦးကိုသာ ယူနိုက်တက်အားဖြည့်လိုက်မယ်ဆိုရင် လူအင်အားတော်တော်လေးတောင့်တင်းသွားမှာပါ”လို့ ဟားဂရေ့ဗ်က ပြောကြားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဆန်ချို #ဆိုးလ်ရှား #ရိုက်စ်