ရှေ့သို့
Image

ဒတ်ခ်ျ ဖီးလ်ဂျုံးစ် လက်သစ်လို့ ဝေဖန်ခံနေရတဲ့ ဒီလစ်ဂ်ျ

4:55 PM, 19 September

သတင်းမီဒီယာ တော်တော်များများကတော့ ဂျူဗင်တပ်စ်အသင်းမှာ ပြသနေတဲ့ နောက်ခံလူသစ် ဒီလစ်ဂ်ျရဲ့ ခြေစွမ်းကို ဒတ်ခ်ျ ဖီးလ်ဂျုံးစ်လက်သစ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အဆိုပါ နောက်ခံကစားသမားဟာ အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နေပေမယ့် နောက်တန်းမှာ အမှားတွေ ပြုလုပ်ခဲ့တာကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အက်သလက်တီကိုအသင်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခံနေရပေမယ့် နောက်ပိုင်းမှာ ပြန်လည်ချေပနိုင်ခဲ့ပြီး သရေတစ်မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ပွဲစဉ် အပြီးမှာတော့ အသင်းပရိသတ် တော်တော်များများက တွစ်တာကနေ တစ်ဆင့် ယူနိုက်တက် ကစားသမား ဖီးလ်ဂျုံးစ် လက်သစ်အဖြစ် ဝေဖန်ခဲ့ကြပါတယ်။

“ဒီလစ်ဂ်ျကို ကြည့်ရတာ ယူနိုက်တက်က ဖီးလ်ဂျုံးစ်ကို ပြန်ကြည့်နေရသလိုပါ”လို့ တွစ်တာကနေ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

“တဖြည်းဖြည်းနဲ့ ဒီလစ်ဂ်ျက ဒတ်ခ်ျ ဖီးလ်ဂျုံးစ်လက်သစ် ဖြစ်လာတယ်”လို့ နောက်ထပ် ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

နောက်ခံလူ ဒီလစ်ဂ်ျဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၆၇.၅ သန်းနဲ့ အေဂျက်အသင်းကနေ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

#ဒီလစ်ဂ်ျ