ရှေ့သို့
Image

ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးပေမဲ့ ယူရိုပါလိဂ်မှာ အားငယ်နေမှာ မဟုတ်ဘူးလို့ဆိုတဲ့ ရူဘင်နီဗက်စ်

1:21 PM, 19 September

ယခုနှစ် ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရရှိသေးပေမဲ့ ယူရိုပါလိဂ်မှာတော့ ပရီးမီးယားလိဂ်မှာလိုဖြစ်မှာ မဟုတ်ဘူးလို့ ၀ုဗ်ကွင်းလယ်လူ ရူဘန်နီဗက်စ်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

နည်းပြနူနိုဆန်တိုရဲ့ဝုဗ်အသင်းဟာ ယနေ့ညမှာ အုပ်စု K ရဲ့အဖွင့်ပွဲစဉ်အဖြစ် ဘရာဂါအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ်။ 

နီဗက်စ်က “ ပင်ပန်းတာလောက်ကို မှုနေလို့မရပါဘူး။ ကျွန်တော်တို့အားလုံးက ထိပ်တန်း ကစားသမားတွေပါ။ ဒီကိစ္စတွေနဲ့ အသားကျနေပါပြီ။ ယူရိုပါလိဂ်က ကျွန်တော်တို့ရဲ့ပရီးမီးယားလိဂ် ရပ်တည်မှုကို ဘာမှ သက်ရောက်မှာ မဟုတ်ပါဘူး။ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရတာဟာ တကယ့်အခွင့်အရေးကောင်းဖြစ်ပြီး ၀ုဗ်အတွက်တော့ သမိုင်းဝင် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ရာသီသစ်ကို စတင်ကစားရတာ လွယ်တော့ မလွယ်ပါဘူး။ တစ်ဖက်က ယူရိုပါလိဂ်ခြေစစ်ပွဲလည်း ကစားရသေးတယ်။ ပရီးမီးယားလိဂ်က ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးလိဂ် တစ်ခုပါ။ ဒီရာသီမှာလည်း ကျွန်တော်တို့ လုပ်နေကျအတိုင်း လုပ်ပြနိုင်ဖို့ ကြိုးစားသွားမှာပါ။ တတ်နိုင်သမျှနိုင်သမျှ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရအောင် လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်က နိုင်ပွဲတွေ ရယူဖို့ပါပဲ“လို့ ပြောသွားခဲ့ပါတယ်။

ဝုဗ်နည်းပြ နူနိုကလည်း “ ဒါက အတွေ့အကြုံသစ်တော့ မဟုတ်ပါဘူး၊ သုံးရာသီမြောက်ကို ရောက်နေပါပြီ။ ပြိုင်ဘက်တွေနဲ့ တွေ့တိုင်း ပြိုင်ဆိုင်မှုအားကောင်းတဲ့ အသင်းတစ်သင်း ဖန်တီးဖို့ စိတ်ကူးမျိုး ကျွန်တော်တို့မှာ အမြဲတမ်းရှိပါတယ် “ လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

#ဝုဗ် #ရူဘင်နီဗက်စ်