ရှေ့သို့
Image

“ ကျွန်တော်တို့ ပုံစံတူအမှားတွေ ဆက်လုပ်မိနေတုန်းပါ ” ကိန်း

10:50 AM, 19 September

စပါးအသင်းကတော့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ဂရိကလပ် အိုလံပီကော့စ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေပေမယ့် နောက်တန်း အမှားတွေကြောင့် အနိုင် ၃ မှတ်နဲ့ ဝေးကွာခဲ့ရပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ နည်းပြ ပိုချက်တီနိုတစ်ယောက် အခုရလဒ်ကို စိတ်ပျက်မိတဲ့အပေါ် နားလည်တယ်လို့ ပြောကြားလိုက်ပါတယ်။

“ ပိုချက်ဘာကြောင့် စိတ်ပျက်ရသလဲ ဆိုတာကို ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော်တို့ နောက်တန်းက ပုံစံတူအမှားတွေ ဆက်လုပ်နေတုန်းပါပဲ”လို့ ကိန်းက ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော်တို့ လူငယ်ကစားသမားတွေ မဟုတ်တော့သလို အတွေ့အကြုံမရှိတဲ့ သူတွေလည်း မဟုတ်တော့ပါဘူး။ ပွဲကောင်းတွေလည်း အများကြီး ကစားထားခဲ့ပြီး ဖြစ်သလို နိုင်ငံအတွက်လည်း ကစားနေကြတဲ့သူတွေပါ။ နောက်လာမယ့် ပွဲစဉ်တွေမှာ အခုလို အမှားမျိုးကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

#ပိုချက်တီနို #တော့တင်ဟမ်