ရှေ့သို့
Image

ဒီတစ်ပတ် လီဗာပူးလ်နှင့်ကစားမည့်ပွဲတွင် ပါဝင်ဖို့အတွက် မျှော်လင့်နေတဲ့ မေဆန်မောင့်

8:32 AM, 19 September

တနင်္ဂနွေနေ့ လီဗာပူးလ်နှင့်ကစားမည့်ပွဲမှာတော့ ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် မျှော်လင့်နေပါလို့ မေဆန်မောင့်က ပြောဆိုလိုက်ပါတယ်။
အင်္ဂါနေ့က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စတန်းဖို့ဒ်ဘရစ်တွင်ကစားခဲ့တဲ့ ဗလင်စီယာအသင်းအား ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် သူ ဟာ ပွဲကစားချိန် ၁၀ မိနစ်မှာပင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဟာ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ကိုကွီလင်ရဲ့ ကြမ်းတမ်းစွာဖြတ်ထုတ်ခြင်းကိုခံခဲ့ရတာဖြစ်ပြီး ဗလင်စီယာရဲ့ကစားသမားကတော့ ဒိုင်လူကြီးရဲ့ သတိပေးခြင်းကို သာခံခဲ့ရတာပါ။

ဒဏ်ရာရရှိကာ ပတ်ဒရိုနှင့် လူစားလဲခဲ့ရသော်လည်း ဒီတစ်ပတ် လီဗာပူးလ်နှင့်ကစားမည့်ပွဲတွင်တော့ ပါဝင်ကစား ဖို့အတွက် မျှော်လင့်နေပါတယ်လို့ မောင့်က ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်ကလည်း အသက်၂၀ အရွယ်ကစားသမားရဲ့ ဒဏ်ရာအခြေအနေကိုလည်းပြောပြထား ပါတယ်။

'' သူက ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာပါ။ ဘယ်လောက်ဆိုးရွားလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဒဏ် ရာကို လာမည့် ၁ ရက် ၂ ရက်အတွင်း ဆုံးဖြတ်သွားမှာပါ။ အခြေအနေက ဘယ်လိုလဲဆိုတာကို ကြည့်ရအုံးမှာပါ '' လို့ လမ်းပတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောပြသွားခဲ့ပါတယ်။

'' ပြောဖို့က အရမ်းစောပါသေးတယ်။ သူက ကောင်းမွန်စွာစတင်ကစားနေခဲ့ပြီး စောစောစီးစီး လူစားလဲလိုက်ရတဲ့ အတွက်ကြောင့်တော့ စိတ်မကောင်းဖြစ်မိပါတယ် '' လို့ လမ်းပတ်ကပြောပါတယ်။

#မေဆင်မောင့်